ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) သြဂုတ် ၂၃ ရက် မှ သြဂုတ် ၂၉ ရက် အထိ တစ်ပတ်အတွင်း မတ်ပဲတန်ချိန် ၃,၃၆၇ဒသမ ၇၆ တန်ကို ပြည်ပ ၁၇ နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ကိုလံဘို၊စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများက သီရိလင်္ကာနိုင်ငံ၏ အခင်းအကျင်းကို ပြောင်းလဲလာစေမည်ဖြစ်ကြောင်း မြို့တော်ကိုလံဘိုရှိ တရုတ်နိုင်ငံတည်ဆောက်လျက်ရှိသည့် စီမံကိန်းကိုလာရောက်လည်ပတ်သည့် ခရီးစဉ်တွင် သီရိလင်္ကာဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး TharakaBalasuriya က ပြောကြားခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် နှင့် ကယားပြည်နယ်အတွင်းရှိဂေဟာ/ရိပ်သာများသို့ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှ သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့သူ တရုတ်နိုင်ငံစစ်တပ်မှ ဆေးသိပ္ပံပညာရှင် ချန်ဝေး(Chen Wei) အားစက်တင်ဘာ ၈ ရက်တွင်“ ပြည်သူ့သူရဲကောင်း” ဂုဏ်ပြုဆုတံဆိပ်ပေးအပ်ချီးမြှင့်ခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးချက်များအရအတည်ပြုလူနာသစ် ၉၈ ဦးတွေ့ရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာနှစ်ဦးသေဆုံးခဲ့ကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ နံနက်ပိုင်းထုတ်ပြန်မှုအရသိရသည်။