တူးနစ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းပြင်ပ၌ ငါးဖမ်းသင်္ဘောနစ်စင်း နစ်မြုပ်ခဲ့ရာ သင်္ဘောသား ၁၁ ဦးအား ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ကြောင်း တူနီးရှား အကောက်ခွန်ဦးစီးဌာနက အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) နည်းပြချုပ် ဦးစိုးမြတ်မင်း တာဝန်ယူကိုင်တွယ်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၁၉ ဘောလုံးအသင်းသည် လာမယ့် နိုဝင်ဘာ ၆ ရက်နေ့ကစပြီး ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် အာရှ ယူ၁၉ ခြေစစ်ပွဲတွေကို စတင်ယှဉ်ပြိုင်ရတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့သတင်းထုတ်ပြန်သည်။
ကိုလံဘို၊ အောက်တိုဘာလ ၃၀ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေနှင့် သီရိလင်္ကာနိုင်ငံအား ကြွေးမြီထောင်ချောက်အခြေအနေမှ ရုန််း ထွက်နိုင်ရေးနှင့် ပြည်သူများ၏လူနေမှုဘဝကောင်းမွန်စေရေးအတွက်ဆိပ်ကမ်းများ၊လမ်းများတည် ဆောက်ခြင်းနှင့်ရေကြောင်းထိန်းသိမ်းရေးလုပ်ငန်းစီမံကိန်းများဆောင်ရွက်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက် မှုရှိစေရေးတို့အတွက် အကူအညီပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံသံအမတ် Cheng Xueyuan က အောက်တိုဘာလ ၂၉ ရက်ကပြောကြားခဲ့သည်။
မနီလာ၊အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် အောက်တိုဘာ ၂၉ ရက်က အင်အား ၆ အဆင့်ကျော်ရှိသည့် အင်အားပြင်းငလျင်နှစ်ခု ဆက်တိုက်လှုပ်ခတ်ခဲ့ရာ လူ ၅ ဦးသေဆုံးပြီး လူ ၄၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင်အမျိုးသား သဘာ၀ဘေးအန္တရာယ် လျော့ချရေး စီမံခန့်ခွဲမှု ကော်မတီက အောက်တိုဘာ ၃၀...