ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) စမ်းချောင်းမြို့နယ်အပါအဝင် အနောက်ပိုင်းခရိုင်အတွင်းရှိ အခြားမြို့နယ် များတွင် လမ်းမပေါ်တက်၍ လုပ်ငန်းဆောင်ရွက်နေသည့် ကျူးကျော်မှုများအား ၁.၁၂.၂၁၀၆ ရက်နေ့မှ ၂၅.၈.၂၁၀၇ ရက်နေ့အထိ တရားစွဲဆိုဆောင်ရွက်လျက်ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း စက်တင်ဘာ ၁၇ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်သာမြစ်ရေနှင့် နေရဉ္စရာချောင်းရေမြင့်တက်မှုကြောင့် ကလေးမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုတွင် ဇူလိုင်လ ၁ ရက်မှ စက်တင်ဘာလ ၂၀ ရက် အထိ ရေဘေး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၉ ဦးထိ ရှိခဲ့ကြောင်း လူမှု ဝန်ထမ်း ကယ်ဆယ်ရေး...
နေပြည်တော်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) လူထုဗဟိုပြု စီမံကိန်း၏ လေးနှစ်တာအတွင်း ဖွံ့ဖြိုးမှု အသီးအပွင့်များကို ကျေးလက် လူဦးရေ ငါးသန်းကျော်တို့က ရရှိ ခံစားနေကြပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ယနေ့နံနက် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နှင့် ဗြိတိန် နှစ်နိုင်ငံ ရွှေရောင်ခေတ် ဆက်ဆံရေး အား ခိုင်မာစေရန် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်ရန်အတွက် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက စက်တင်ဘာလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။