ဒမက်စကပ်စ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြောက်ပိုင်း တူရကီနိုင်ငံနယ်စပ်အနီး ကာ့ဒ်များ တပ်စွဲထားရာ အထင်ကရ အရေးပါသောမြို့တစ်ခုဖြစ်သော Ayn al-Arab မြို့အတွင်းသို့ အောက်တိုဘာ ၁၆ ရက်က ဆီးရီးယားစစ်တပ် ဝင်ရောက်လာခဲ့ကြောင်း နိုင်ငံပိုင် SANA သတင်းအေဂျင်စီ ဖော်ပြချက်အရ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဥရောပ အရှေ့ပိုင်းနှင့်အလယ်ပိုင်း (၇)နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံပြည်သူများ ပြည်ပချစ်ကြည်ရေးအသင်းတို့အတူ ပူးပေါင်း၍ အောက်တိုဘာ ၁၆ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်...
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) မိုးတွင်းကာလ တွင် ပြေးဆွဲမှုရပ်နားထားသည့် ရန်ကုန်မှ ရခိုင်ပြည်နယ်၊ မာန်အောင်သို့ပြေးဆွဲသည့် လေကြောင်းအားအောက်တိုဘာ ၁၆ ရက် မှ စတင်ပြီး ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
မနီလာ ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်း(Mindanao) အနီးတစ်ဝိုက်တွင် အောက်တိုဘာ ၁၆ ရက် ညပိုင်းက ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်စဉ် အဆောက်အဉီနံရံပြိုကျပြီး ပိမိရာမှ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဉီး သေဆုံးသွားကြောင်း ဒေသဆိုင်ရာ အရာရှိတစ်ဉီးက ဆိုသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ ဘောလုံးအသင်းသည် ကာတာနိုင်ငံ ဒိုဟာမြို့၌ တစ်ပတ်ကျော် သွားရောက် လေ့ကျင့်မည်ဖြစ်ပြီး ယင်းခရီးစဉ်တွင် နီပေါ၊ ကာဂျစ္စတန် လူငယ်လက်ရွေးစင်ဘောလုံးအသင်း၊ ကာတာကလပ်ဘောလုံးအသင်းတို့နှင့်ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရသိရသည်။