Connect with us

VIDEO

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် COVID-19 ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားမှုကြောင့် ပြပွဲခန်းမတစ်ခုအား ယာယီဆေးရုံအဖြစ် ပြောင်းလဲ

ဟောင်ကောင်၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် COVID-19 ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားမှုကြောင့် လူနာများ ပိုမို လက်ခံစောင့်ရှောက်နိုင်စေရန်အတွက် ဩဂုတ် ၁ ရက်တွင် ပြပွဲခန်းမတစ်ခုကို ကုတင် ၅၀၀ ယာယီဆေးရုံအဖြစ်သို့ ပြောင်းလဲခဲ့သည်။

အဆိုပါ ယာယီဆေးရုံသည် ဟောင်ကောင်လေဆိပ်အနီးရှိ AsiaWorld-Expo ပြခန်းကို ပြောင်းလဲထားခြင်းဖြစ်ရာ COVID-19 ရောဂါ ကူးစက်ခံရသူ အသက် ၁၈ နှစ်မှ အသက် ၆၀ နှစ် ကြား လူနာများအား လက်ခံစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ဆေးရုံ ပြည့်စုံကောင်းမွန်အောင်နှင့် ရောဂါစစ်ဆေးနိုင်စွမ်းကို တရုတ်နိုင်ငံ ဗဟို အစိုးရမှ ကူညီမြှင့်တင် ဆောင်ရွက်ပေးခဲ့သည်။

ဇူလိုင်လ အစောပိုင်းတွင် COVID-19တစ်ကျော့ပြန်ဖြစ်ပွားသည်မှစ၍ ဟောင်ကောင်ဒေသတွင် အတည်ပြုလူနာ ၂,၀၀၀ ကျော်ရှိပြီဖြစ်ရာ ရောဂါကူးစက်မှုပမာဏသည် ဇန်နဝါရီလမှစ၍ ရောဂါဖြစ်ပွားမှုပမာဏ၏ ၆၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး Carrie Lamက ကပ်ရောဂါအခြေအနေကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား ရွှေ့ဆိုင်းကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.