မော်စကို၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မက်စ်နစ်တိုဂိုရက်စ်မြို့ တွင် မီနီဘတ်စ်ကား မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူ ၃ဦး သေဆုံးခဲ့ကြောင်း ဇန်နဝါရီလ ၂ ရက်နေ့က ဒေသခံမီဒီယာများတွင် ဖော်ပြခဲ့သည်။
ဘန်ကောက်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၏ ဘုရင် မဟာ ဗာဂျီရယ်လောင်ကွန်း (Maha Vajiralongkorn) သည် နန်းတက်ပွဲအခမ်းအနားများအား မေလ ၄ ရက်မှ ၆ ရက်အထိ ကျင်းပကာ ထီးနန်းတက်မည် ဖြစ်ကြောင်း တော်ဝင်အိမ်တော်ဗျူရိုက ဇန်နဝါရီလ ၁ ရက်က ပြောကြားခဲ့သည်။
ဂျာကာတာ ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျားဗားပြည်နယ်၌ လွန်ခဲ့သောလ ၃၁ ရက်က ဖြစ်ပွားခဲ့သော တောင်ပြိုမှု တွင် သေဆုံးသူဦးရေသည် ၁၅ ဦး အထိ ရှိပြီဖြစ်ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန၏ ဇန်နဝါရီ ၂ ရက်နေ့ သတင်းများအရ သိရသည်။
ဘရပ်ဇီးလီးယား၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) စစ်တပ် ဗိုလ်ကြီး တစ်ဖြစ်လဲ နိုင်ငံရေးသမား ဂျေအာ ဘိုဆိုနာရို (Jair Bolsonaro) သည် ဘရာဇီးနိုင်ငံ ၃၈ ယောက်မြောက် သမ္မတအဖြစ် လုံခြုံရေးအခြေအနေ မြင့်တက်နေသည့်ကြားမှ ဇန်နဝါရီလ ၁ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။