ရှန်ဟိုင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်ပြည်တွင်းဖြစ် မြန်နှုန်းမြင့် သံလိုက်ရထားပုံစံသစ်တစ်မျိုးကို ရှန်ဟိုင်းမြို့တွင် စမ်းသပ်ပြေးဆွဲခဲ့သည်။ ၎င်းသံလိုက်ရထားသည် တစ်နာရီလျှင် ၆၀၀ ကီလိုမီတာအထိ အမြန်ဆုံးမောင်းနှင်နိုင်ရန် ဒီဇိုင်းထုတ်ထားသည်။ရှေ့ပြေးဒီဇိုင်းထုတ်လုပ်မှုအပိုင်းကို ချင်းသောင်မြို့တွင် လုပ်ဆောင်ခဲ့ပြီး စမ်းသပ်ပြေးဆွဲမှုအပိုင်းကို ရှန်ဟိုင်းမြို့တွင်ပြုလုပ်ခဲ့သည်။ သံလိုက်ရထားများကို စွမ်းအင်ထောက်ပံ့ပေးမည့် ရထားသံလမ်း မီးအားမြှင့်စက်ကြီးကို တရုတ်နိုင်ငံ...
ဟောင်ကောင်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ အတည်ပြုပြဌာန်းခြင်းအပေါ် ဟောင်ကောင်အစိုးရအနေဖြင့် ကြိုဆိုကြောင်း HKSAR အုပ်ချုပ်ရေးမှူး Carrie Lam က ယနေ့ (ဇွန် ၃၀ ရက်) ပြောကြားလိုက်သည်။
ဟောင်ကောင်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဟောင်ကောင်နှင့် မကာအိုရေးရာရုံးက ဇွန် ၃၀ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အသစ်ပြဌာန်းလိုက်သော ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေကို အခိုင်အမာ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျီနီဗာ ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူးကယ်ရီလမ်း(Carrie Lam) က ယနေ့ ဇွန် ၃၀ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ ဗီဒီယိုရုပ်သံမှတဆင့် မိန့်ခွန်းပြောကြားရာ၌ တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရန် အခွင့်အရေးကိုလေးစားရန် နှင့် တည်ငြိမ်မှု နှင့် သဟဇာတဖြစ်မှုအတွက် ဟောင်ကောင်ပြည်သူများ၏...
ပေကျင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဥပဒေပြုအမတ်များက ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေကို ယနေ့ ဇွန် ၃၀ ရက်တွင် ဆန္ဒမဲပေး၍ အတည်ပြုခဲ့ကြောင်း သိရသည်။