ဂျိုဟမ်နက်စ်ဘာ့ဂ် ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဇူလိုင်၂၅ ရက်တွင်ပြုလုပ်သည့် BRICS စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ဈေးကွက်တံခါးဖွင့်ခြင်း နှင့် လွတ်လပ်သော ကုန်သွယ်မှုကို အပြည့်အဝထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တောင်ငူမြို့၏ အရှေ့မြောက်ဘက် ၃၃မိုင်အကွာတွင် ယနေ့ ည၈နာရီ ၅၃ မိနစ် က အင်အား ၄.၂အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှထုတ်ပြန်သော သတင်းအရ သိရသည်။
ကန်ဘာရာ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံရှိ ဂူအတွင်း ပိတ်မိခဲ့သော ဘောလုံးသမား ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြ ၁ ဦးတို့အား ကယ်ဆယ်ရေးအဖွဲ့တွင် ပါဝင်သည့် သြစတြေးလျနိုင်ငံသား ၉ ဦးအား ဇူလိုင်လ ၂၅ ရက်က သူရဲကောင်းဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) သံလွင်မြစ်၊ စစ်တောင်းမြစ်၊ရွှေကျင်မြစ် တို့သည် စိုးရိမ်ရေမှတ် ရောက်ရှိလျက်ရှိပြီး မြစ်ကမ်းအနီး မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ရည်မှန်းချက်များတွင် “နိုင်ငံတကာ မျက်နှာစာ တွင် မိမိတို့ နိုင်ငံနှင့် လူမျိုး၏ ပုံရိပ်များ ပြန်လည် မြင့်တက်လာစေရန်” ဟူသည့် အချက်လည်း ပါဝင်ပြီး အဆိုပါ ရည်မှန်းချက်အရ ပြည်ပတွင်...