ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ) အမှတ်(၁၅)အကြီးစားစက်ရုံ(သာဂရ)မှ လူနာတင်ယာဉ် ၅၅ စီးအား ယခုနှစ်တွင် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။
ပေကျင်း၊ မတ် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကျင်းပဆဲ ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ပထမအကြိမ်အစည်းအဝေးပွဲတွင် တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့်မားသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စက်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်ရန် နှင့် ပြောင်းလဲမှုများ ဖော်ဆောင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း မတ်လ ၅ ရက်တွင် ပြောကြားလိုက်သည်။(Xinhua)
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) ပထမအကြိမ်အစည်းအဝေးပွဲ၌ လုပ်ငန်းအစီရင်ခံစာ တင်ပြရာတွင် ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း ပြည်သူဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို ခိုင်မြဲစွာ...
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် မြို့ပြတွင် အိမ်ရာရှားပါးမှုအား ဖြည့်တင်းရန် ပြန်လည်တည်ဆောက်ရေး သုံးနှစ်စီမံကိန်းသစ်အား ကြေညာလိုက်ပြီး ယခုနှစ်အတွင်း အိမ်ရာ ၅.၈ သန်း စတင် ဆောက်လုပ်မည် ဖြစ်ကြောင်း အစိုးရ၏ လုပ်ငန်း အစီရင်ခံစာအရ သိရသည်။
နေပြည်တော်၊ မတ် ၅ ရက် (ဆင်ဟွာ) အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေး၌ အလုပ်သမားတစ်ဦး၏ အနည်းဆုံးလုပ်ခလစာကို တစ်ရက်လျှင် ကျပ် ၄၈၀၀ သတ်မှတ်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။