ဘိုးအောက်၊ဧပြီ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်တွင် သွင်းကုန်တင်ပို့မှုများကိုကျယ်ပြန့်စွာခွင့်ပြုပေးမည့်အပြင် သွင်းကုန်တင်ပို့သည့် ယာဉ်များနှင့်အခြားထုတ်ကုန်များတွင်ကျသင့်သည့်အခွန်အခများ ကို သိသာစွာလျှော့ပေါ့ပေးသွားမည်ဖြစ်ကြောင်းသမ္မတရှီကျင့်ဖိန်က ယနေ့တွင် ပြုလုပ်သည့် ၂ဝ၁၈ ခုနှစ် ဘိုးအောက်ဖိုရမ်အဖွင့်မိန့်ခွန်းတွင်ပြောကြားခဲ့သည်။(Xinhua)
ဘိုးအောက်၊ ဧပြီ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့်ဆယ်စုနှစ် ၄ ခုကြာ ပြုပြင်ပြောင်းလဲမှုများနှင့် ပွင့်လင်းသည့်တံခါးဖွင့်ဝါဒကို ကျင့်သုံးခဲ့ပြီး အောင်မြင်မှုများကိုရရှိခဲ့ကြောင်း၊ ၎င်းမူဝါဒများမှာ ပြည်သူများဖွံ့ဖြိုးတိုးတက်မှု၊ တစ်ကမ္ဘာလုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့်ငြိမ်းချမ်းရေးအတွက် အထူးအထောက်အကူပြုကြောင်း သမ္မတရှီကျင့်ဖိန်က ဘိုးအောက်တွင်နှစ်စဉ်ကျင်းပသည့် ၂ဝ၁၈ ဘိုးအောက်ဖိုရမ်အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)
ဘိုးအောက်၊ ဧပြီ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်၊ ဘိုးအောက်တွင်ကျင်းပလျက်ရှိသည့် ၂ဝ၁၈ ဘိုးအောက် ဖိုရမ်ဖွင့်ပွဲတွင် သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ကာကွယ်ခြင်းကိုအထူးအလေးထား လျက်ရှိကြောင်းပြောကြားခဲ့သည်။ နိုင်ငံခြားကုမ္ပဏီများ သာမက အခြားတရုတ်ကုမ္ပဏီများတွင်ပင်အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ကိုကြပ်မတ်စွာကာကွယ်ရန် အတွက်အထူးလိုအပ်ကြောင်းသမ္မတရှီကဆိုသည်။(Xinhua)
ဘိုးအောက်၊ ဧပြီ ၁ဝ ရက်(ဆင်ဟွာ) ပြီးခဲ့သည့် နှစ်ပေါင်း ၄ဝ ကာလအတွင်း တရုတ်နိုင်ငံ၏ နှစ်စဉ် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ၉.၅ရာခိုင်နှုန်းအထိ တိုးတက်မှုရရှိခဲ့ကြောင်း ၊ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၄.၅ ရာခိုင်နှုန်းခန့်အထိတိုးတက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံသားပေါင်းသန်း ၇ဝဝ ကျော်ကို ဆင်းရဲတွင်းမှ ကယ်တင်ပေးနိုင်ခဲ့ကြောင်း ဘိုးအောက်တွင်ကျင်းပလျက်ရှိသည့်...
ဟိုင်နန်၊ ဧပြီ ၁ဝ ရက်(ဆင်ဟွာ) အာရှတိုက်တွင်ကျင်းပလျက်ရှိသည့် ဘိုးအောက်ဖိုရမ်စတင်ကျင်းပသည့်အချိန်ကတည်းက အာရှတိုက်နှင့် တစ်ကမ္ဘာလုံးအကျိုးစီးပွားဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများနှင့် အခြားအဖိုးတန်သည့် ဘိုးအောက် အဆိုပြုလွှာများစွာကို တင်သွင်းခဲ့ကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ ဘိုးအောက်ဖိုရမ်က အဆိုပြုလွှာများတွင် အာရှတိုက်နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကဏ္ဍမြှင့်တင်မှုနှင့် အကျိုးစီးပွားများကို မျှဝေခံစားနိုင်မည့် အဆင့်မြင့် အသိုက်အဝန်းတစ်ခု တည်ဆောက်နိုင်ရန်တို့ပါဝင်ကြောင်း သမ္မတရှီကဆိုသည်။(Xinhua)