ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်၊ အဝေရာသာယာကုန်းကွင်း၌ နိုဝင်ဘာလ ၁၄ ရက် ညပိုင်း၌ မီးပုံးပျံလွှတ်တင်စဉ် ပျက်ကျ၍ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) မကူးစက်တက်သောရောဂါများတွင် အတက်ရောဂါသည် အဖြစ်အများဆုံး အမှတ်စဉ် (၅) အဖြစ်တည်ရှိနေပြီး လူဦးရေ ငါးသိန်းခန့်သည် အတက်ရောဂါခံစားလျက်ရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန် (၂)ဒေါက်တာသာထွန်းကျော်က ပြောကြားသည်။
လန်ဒန် ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဗြိတိန်နှင့်ဥရောပသမဂ္ဂအကြား သဘောတူညီမှုရရှိထားသည့် ဥရောပသမဂ္ဂမှနုတ်ထွက်ရေးဆိုင်ရာ သဘောတူညီချက်ကို ဗြိတိန် ဝန်ကြီးအဖွဲ့က သဘောတူလက်ခံလိုက်ပြီဖြစ်ကြောင်း၊ ၎င်းမှာ အရေးကြီးသည့် ခြေလှမ်းတစ်ခုကို လျှောက်လှမ်းလိုက်ခြင်းပင်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
နေပြည်တော်၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) မဟာမဲခေါင် ဒေသခွဲ အရှေ့ အနောက် စီးပွားရေးစြင်္ကံလမ်းတစ်လျှောက်ရှိ မြို့များ ဖွံ့ဖြိုးမှု စီမံကိန်း ဆောင်ရွက်ရန်အတွက် ထိုင်းနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အဖွဲ့အစည်းတစ်ခု ဖြစ်သော NEDA( Neighboring Countries Economic Development Cooperation Agency) ထံမှ...
ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ၂ဝ၁၈ ခုနှစ် မြန်မာ့ရေကြောင်း ညီလာခံဖွင့်ပွဲကို ယနေ့နံနက်တွင် ရန်ကုန်မြို ့Rose Garden ဟိုတယ်၌ Myanmar Nautical Association က ကြီးမှူး၍ စတင် ကျင်းပပြုလုပ်ခဲ့သည်။