Connect with us

WORLD

အာရုံလွှဲ အပုတ်ချ ဇာတ်ညွှန်းက လက်တွေ့နှင့်တစ်ထပ်တည်းကျနေ

Politico သတင်းဝဘ်ဆိုက်တွင် ဖော်ပြထားသည့် သမ္မတ ထရမ့်၏ သတင်းဓါတ်ပုံအားတွေ့ရစဉ် (ဓါတ်ပုံ - အင်တာနက်)

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

 “ထရမ့်အတွက် ကာကွယ်ပြောဆိုရန် မလို ၊တရုတ်နိုင်ငံကို အပုတ်ချတိုက်ခိုက်ရင် ရပြီ”ဆိုသည့် တရုတ်ကို အာရုံလွှဲအပြစ်ပုံချမှုကတော့ အမေရိကန်အစိုးရ ၏ ကပ်ရောဂါတိုက်ဖျက်ရေးပေါ်လစီ တစ်ခုလို ဖြစ်နေသည်။

“ထရမ့်၏အမှားရှိမရှိ”၊ “လူမျိုးရေးခွဲခြားမှုရှိမရှိ”စသည်ဖြင့် အမေးခံရပါက မည်သို့ မည်ပုံ တရုတ်ကို အပုတ်ချတိုက်ခိုက်ပြီး ကွက်ကျော်ရိုက်မည့် ဤနည်းလမ်း ကို ရီပတ်ဗလစ်ကန်ပါတီ  ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများ သိရှိစေရန် ၎င်းပါတီ ရွေးကောက်ပွဲမဲဆွယ်ဌာနက စာမျက်နှာ ၅၇ မျက်နှာပါ နည်းဗျူဟာလမ်းညွှန်ကို သီးသန့်ဖြန့်ဝေပေးခဲ့ကြောင်း အမေရိကန် မီဒီယာက လွန်ခဲ့သောရက်က ထုတ်ဖော်ပြောကြားခဲ့သည်။ 

ထို လမ်းညွှန်ကို အမေရိကန် အွန်လိုင်းမိတ်ဆွေများက  “Red Book of Lies”ဟု သမုတ်ကြသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်ကလည်း “ဇာတ်ညွှန်ကောင်းပဲ၊ ကြည့်ကြည့်ပါအုံး ”ဟူ၍ ချီးကျူးပြောဆိုထားသည်။ 

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင်၏ လူမှုကွန်ရက်မီဒီယာတွင် ရေးသားထားသည့် အကြောင်းအရာအား တွေ့ရစဉ် (ဓါတ်ပုံ – အင်တာနက်)

အမေရိကန် နိုင်ငံရေးသတင်းဝဘ်ဆိုက် Politico ၏ ဧပြီ ၂၄ ရက် သတင်းဖော်ပြမှုအရ ရီပတ်ဗလစ်ကန်ပါတီ အထက်လွှတ်တော် ကော်မတီက ပါတီအတွင်း ရွေးကောက်ပွဲမဲဆွယ် စင်တာများသို့ အထက်ပါ ဗျူဟာလမ်းညွှန်ချက် ပေးပိုခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းညွှန်ကို ဧပြီ ၁၇ ရက် ရက်စွဲဖြင့် စာရေးသူ ရီပတ်ဗလစ်ကန်ပါတီ အကြီးတန်း မဟာဗျူဟာလမ်းညွှန် Brett O’Donnell၏ နိုင်ငံရေးအတိုင်ပင်ခံ ကုမ္ပဏီက ရေးသား ခဲ့ခြင်းဖြစ်သည်။ Brett O’Donnellသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုနှင့် အာကင်ဆော ပြည်နယ် အထက်လွှတ်တော်အမတ် Tom Cotton၏ အကြံပေးလုပ်ခဲ့ဖူးသူဖြစ်သည်။ 

Politico သတင်းဝဘ်ဆိုက်တွင် ထုတ်ဖော်ထားသည့် ကိုရိုနာဗိုင်းရပ်စ်အရေး ဖြေရှင်းနည်း လမ်းညွှန် (ဓါတ်ပုံ – အင်တာနက်)

စာမျက်နှာ ၅၇ မျက်နှာပါ ဗျူဟာလမ်းညွှန်တွင် ရီပတ်ဗလစ်ကန်ပါတီ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများအနေဖြင့် တရုတ်နိုင်ငံအား အပုတ်ချတိုက်ခိုက်ပြီး ကပ်ရောဂါအရေးကို ဖြေရှင်းသင့်ကြောင်း အကြုံပြုချက်များပါဝင်ရာ ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများနှင့် တရုတ်နိုင်ငံ အစိုးရ၏ အဆက်အစပ်ရှိပုံကို မည်သို့ချိတ်ဆက်ပြောဆိုရမည်ကို အစပြု၍ လူမျိုးရေးခွဲခြားပြောဆိုချက်များကို မည်သို့ဖြေရှင်းရမည် ဆိုသည့်အချက်အထိ အသေးစိတ်ပါရှိသည်။ 

ပုတ်ခတ်တိုက်ခိုက်မည့် အဓိက လမ်းကြောင်း သုံးခုတွင် တရုတ်နိုင်ငံ၏ဖုံးကွယ်မှုကြောင့် ကပ်ရောဂါ ဖြစ်ပွားခြင်း ၊ဒီမိုကရက်တစ်ပါတီက တရုတ်အပေါ် နွေးထွေးလွန်းခြင်း၊ ရောဂါပြန့်ပွားမှုကြောင့် ရီပတ်ဗလစ်ကန်ပါတီက တရုတ်နိုင်ငံအား ပိတ်ဆို့ရန် တွန်းအားပေးလုပ်ဆောင်ခြင်း ဟူ၍ပါရှိသည်။

  Politico သတင်းဝဘ်ဆိုက်တွင် ထုတ်ဖော်ထားသည့် ကိုရိုနာဗိုင်းရပ်စ်အရေး ဖြေရှင်းနည်း လမ်းညွှန် (ဓါတ်ပုံ – အင်တာနက်)

ရီပတ်ဗလစ်ကန်ပါတီအထက်အရာရှိပိုင်းက ဤဗျူဟာဖြင့် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများကို လမ်းညွှန်မှုပေး လျက်ရှိရာ ကပ်ရောဂါအခြေအနေဖြင့် ပတ်သတ်သည့်မေးခွန်းမှန်သမျှကို ဖြေဆိုရာတွင် တရုတ်ဆန့်ကျင်မှုများ တသွင်သွင် ပြောရန်၊ အမေရိကန်၏ လက်ရှိကပ်ရောဂါအခြေအနေသည် ဒေါ်နယ်ထရမ့်၏ အမှားဟုတ်မဟုတ်ကို မေးမြန်းရာတွင်လည်း တရုတ်ကို အာရုံလွှဲအပြစ်ပုံချရန် လမ်းညွှန်ချက်ပေးခဲ့သည်။ 

ဥပမာ တရုတ်ကို အပြစ်ပုံချပြီး လူမျိုးရေးခွဲခြားမှုမီးလျှံများ တောက်လာအောင် လောင်စာဆီလောင်းပေးနေသလား ဟု မေးမြန်းခံရသည့်အခါ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအနေဖြင့် “ဘယ်သူကမှ အမေရိကန်မှာရှိတဲ့ တရုတ်လူမျိုးတွေကို အပြစ်မတင်ပါဘူး။ ဒါက တရုတ်နိုင်ငံရဲ့အမှားပဲ ။ သူတို့ ဗိုင်းရပ်စ်အကြောင်း ဖုံးဖိထားတယ်။ အန္တရာယ်များတာကိုလည်း လိမ်ညာခဲ့တယ်။ ဒါကြောင့် ကပ်ရောဂါဖြစ်ရတာ သူတို့တာဝန်ယူသင့်တယ်”ဟူ၍လည်းကောင်း ၊ “တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဏာရှင်စနစ်ကြောင့် တရုတ်ပြည်သူတွေခံစားရတဲ့ ဒုက္ခဟာ အခြားသူတွေထက်များပါတယ်။ ကျွန်တော်တို့က သူတို့နဲ့အတူရပ်တည်ပြီး ကပ်ရောဂါဖြစ်ပွားအောင်လုပ်တဲ့ အကျင့်ပျက်အစိုးရကို ဆန့်ကျင်တယ် ”ဟူ၍လည်းကောင်း အာရုံလွှဲ အပုတ်ချလမ်းညွှန်မှုများပါရှိသည်။ 

ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်အဖွဲ့က ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒန်အတွက် အထူးပြုလုပ်ထားသည့် ဗွီဒီယိုဓါတ်ပုံအား တွေ့ရစဉ် (ဓါတ်ပုံ – အင်တာနက်)

Mitch McConnell ၏“Red Book of Lies” ဟု သမုတ်ကြသည့် အွန်လိုင်းမှတ်ချက် အား တွေ့ရစဉ်(ဓါတ်ပုံ – အင်တာနက်)

အမှန်စင်စစ် လက်တွေ့တွင်မူ ၎င်းတို့၏လုပ်ရပ်ကြောင့် အမေရိကန်ရှိ အာရှနွယ်ဖွားများစွာ တိုက်ခိုက်ခံနေရပြီး ဖြစ်သည်။ ဇန်နဝါရီ ၃ ရက်မှစ၍ တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အမေရိကန်နိုင်ငံအပါအဝင် သက်ဆိုင်ရာ နိုင်ငံနှင့်ဒေသများသို့ ကပ်ရောဂါအခြေအနေအချက်အလက်များကို ပုံမှန် အချိန်မီပေးပို့လျက်ရှိသော်လည်း သမ္မတ ထရမ့် အပါအဝင် အမေရိကန် နိုင်ငံရေးသမားအချို့သည် အစပိုင်းတွင် လျော့လျော့ပေါ့ပေါ့နေခြင်းဖြင့် တရုတ်နိုင်ငံက ကမ္ဘာကြီးအတွက် လုပ်ဆောင်ပေးနေသည့်အချိန်ကို အလဟဿ ဖြုန်းတီးပစ်ခဲ့ကြသည်။

ရီပတ်ဗလစ်ကန်၏ လမ်းညွှန်မှုတွင် စိတ်ဝင်စားဖွယ် စကားတစ်ခုမှာ “တရုတ်နိုင်ငံကို အရင်က ခရီးသွားလာခွင့် ပိတ်ဆို့ထားတဲ့အကြောင်းမှအပ ထရမ့်ကို ကာကွယ်ပြောဆိုပေးစရာမလို တရုတ်ကိုသာ အပြစ်ဖို့တိုက်ခိုက်ရင် ရပြီ” ဟူ၍ ပါရှိနေခြင်းပင်ဖြစ်သည်။ 

ထိုသို့ ဝေ့လည်ကြောင်ပတ် နည်းလမ်းက  တရုတ်ကိုတိုက်ခိုက်ရာတွင် ခရီးသွားတားမြစ်မိန့်မှအပ ထရမ့်၏ကပ်ရောဂါကာကွယ်ရေးလုပ်ဆောင်ချက်များသည် မည်သည်ကမျှ ကာကွယ်ပြောဆိုပေးစရာမရှိကြောင်းကို တစ်ဖက်လှည့်အနေဖြင့် ထင်ဟပ်ပြသခြင်းဖြစ်သည်။

ဂရုပြုဖွယ်ကောင်းသည်မှာ အထက်ပါနည်းလမ်းများသည် ကပ်ရောဂါကာလအတွင်းတွင်သာ အကျုံးဝင် အသုံးဝင်ခြင်းမဟုတ်ဘဲ ၊ ၂၀၂၀ ပြည့်နှစ် အမေရိကန် ရွေးကောက်ပွဲတွင် တရုတ်ကို ဗဟိုထားပြောဆိုမဲဆွယ်မည့် အစီအစဉ်ကို ရီပတ်ဗလစ်ကန်ပါတီက ဖော်ပြထားခြင်း ဖြစ်သည်။

ဥပမာ ယခုပိုင်းကာလများတွင် ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖွဲ့က ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒန် ၏ တရုတ်နိုင်ငံအပေါ်ထားရှိသည့် ပုံရိပ်ကောင်းများကို ရည်ရွယ်ချက်ရှိရှိ ဗွီဒီယို ဖြတ်ညှပ်ကပ်များ ပြုလုပ်ဖြန့်ချိထားသည်ကို တွေ့ရသည်။ 

၎င်းတို့၏အကြံပေးများကလည်း ယခုကဲ့သို့နည်းလမ်းများသည် ထိရောက်ကြောင်း ၊  ထရမ့် ရာထူးထပ်ဆက်မည့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးဌာနက အလားတူနည်းလမ်းများနှင့် ဗွီဒီယိုရုပ်သံ ကြော်ငြာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ရန် စဉ်းစားနေကြောင်း ဆိုသည်။ 

အဆိုပါ ဗျူဟာလမ်းညွှန်ကို ရီပတ်ဗလစ်ကန်ပါတီ အထက်လွှတ်တော် ကော်မတီက ၎င်းပါတီ၏ရွေးကောက်ပွဲ မဲဆွယ်ဌာနများအတွက် မူကြမ်းရေးသားထားကြောင်း အတိအကျ ဖော်ပြထားခြင်းမရှိသော်လည်း ယင်းလမ်းညွှန်ချက်မှာ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများဆီသို့ ဖြန့်ဝေပေးထားပြီးဖြစ်သည်။ 

၎င်းလမ်းညွှန်ချက်တွင် ပါဝင်သည့် လုပ်ကွက်နည်းလမ်းများသည် ယခုကာလများအတွင်း အမေရိကန် နိုင်ငံရေးသမား၏ လက်တွေ့ပြောဆိုပြုမူမှု အများစုနှင့်  တစ်ထပ်တည်းတိုက်ဆိုင်နေသည်ကို  သံသယဖြစ်ဖွယ်မရှိ တွေ့ရှိနေရပေသည်။ 

ယင်းနှင့်စပ်လျဉ်းသည် သတင်းထုတ်ပြန်ချက်များကို ကော်မတီ ပြောရေးဆိုခွင့်ရှိသူ Jesse Hunt က ငြင်းဆိုမှုမရှိဘဲ ခပ်ပေါ့ပေါ့ဖြင့် “ကျွန်တော်တို့က အပတ်စဉ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို စာရွက်စာတမ်းနဲ့ သတင်းအချက်အလက်တွေ ဒါဇင်နဲ့ချီပေးပို့နေရတာပါ။ ဒါကလည်း ကော်မတီရဲ့တာဝန်ပဲလေ၊ အထူးသဖြင့် အခုလို ရှုပ်ထွေးနေတဲ့ ကာလမှာပေါ့” ပြောကြားခဲ့သည်။ 

အခြားတစ်ဖက်တွင်လည်း အဆိုပါအကြောင်းအရာကို တုံ့ပြန်ပြောဆိုရန် Brett O’Donnell က ငြင်းဆိုခဲ့သည်။

အမေရိကန် အွန်လိုင်းမိတ်ဆွေအများစုကမူ ၎င်းကို အထက်လွှတ်တော် ပါတီအများစု၏ ခေါင်းဆောင် Mitch McConnell ၏“Red Book of Lies” ဟု သမုတ်ကြရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်ဆိုသကဲ့သို့ပင် အဆိုပါ နည်းဗျူဟာလမ်းညွှန် ဇာတ်ညွှန်းကောင်းကြီးကို ကြည့်ရှုသင့် လေ့လာသင့်နေပြီဖြစ်ပါတော့သည်။  (Xinhua)