ချီကာဂို ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့အနောက်တောင်ပိုင်းရှိ လူနေတိုက်ခန်းတစ်ခုတွင် သြဂုတ် ၂၆ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ ကလေးငယ် ၆ ဦး နှင့် လူကြီး ၂ ဦး သေဆုံးသွားကြောင်း ၊ မီးညွန့်များမှာ မွန်းလွဲပိုင်းအထိ ကျန်နေကြောင်း သိရသည်။
ဝါရှင်တန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Jacksonville မြို့ရှိ ဂိမ်းအရက်ဘားတစ်ခုတွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ သေနတ်သမားအပါအဝင် လူသုံးဦးသေဆုံးသွားကြောင်း ဒေသခံရဲတပ်ဖွဲ့က သြဂုတ် ၂၆ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) မြန်မာ တစ်နိုင်ငံလုံး၌ အဆိပ်အမျိုးမျိုးသင့်မှု ဖြစ်ပွားနှုန်း မြင့်တက်လာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။