အစ္စလာမ်မာဘတ်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ ရှိ နေရာဒေသအများအပြား၌ ဟာ့ဂျ်ဘုရားဖူးကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့သည့် ပါကစ္စတန်နိုင်ငံသား အနည်းဆုံး ၄၂ဦး ရှိကြောင်း ပါကစ္စတန်နိုင်ငံ ဘာသာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဟယ်ဆင်ကီ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ဖင်လန်နိုင်ငံ အရှေ့ပိုင်း Kuopio မြို့တွင် သြဂုတ် ၂၄ ရက် က ရထားလမ်းကျော် တံတားတစ်စင်းပေါ်မှ ဘတ်စ်ကားတစ်စီး ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၄ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်း Yle က ထုတ်လွှင့်ခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ၏ ဖိတ်ကြားချက် အရ မကြာမီကာလအတွင်း နီပေါနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) တနသာၤရီတိုင်းဒေသကြီး မြိတ်မြို့ ကမ္ဘောဇဘဏ်ခွဲ(၃)၌ အမျိုးသား ၁ ဦးမှ ငွေများလုယူမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှယနေ့သတင်းထုတ်ပြန်သည်။