နယူးဒေလီ ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ တစ်ဝန်းလုံးတွင် အစိုးရဝန်ထမ်း အလုပ်နေရာလွတ် ၂.၄ သန်းနီးပါး ရှိနေပြီး ယင်းတို့အနက် ၁.၁ သန်းကျော်မှာ ကျောင်းဆရာ/ဆရာမ နေရာလွတ်များဖြစ်ကြောင်း အင်္ဂလိပ်ဘာသာဖြင့်နေ့စဉ်ထုတ်ဝေသည့် The Times of India သတင်းစာ၌ သြဂုတ် ၅ ရက်တွင်...
လာဂို့စ်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Zamfara ပြည်နယ် တွင် နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင်များက ဓါးပြအယောက် ၂၀အား သုတ်သင်ရှင်းလင်းပြီး ဖမ်းဆီးထားသော ဓါးစားခံများအား လွှတ်ပေးခဲ့ကြောင်း စစ်တပ်တာဝန်ရှိသူတစ်ဦး က သြဂုတ် ၄ရက်တွင်ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Kohat ခရိုင်တွင် သြဂုတ် ၄ရက် ညနေပိုင်းတွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး အခြားလူ ၃၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်း နှင့် ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
တိုကျို၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တိုကျိုမြို့အနီး ခါနာဂါဝါစီရင်စု၊ ဆာဂါမီဟာရာမြို့ ရှိ နွေရာသီပွဲတော်တစ်ခု တွင် သြဂုတ် ၄ရက် ညနေပိုင်းက မီးဖိုတစ်ခု၏ ဓါတ်ငွေ့အိုးတစ်လုံး ပေါက်ကွဲခဲ့ရာ လူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။