Connect with us

Environment, Disasters & Accidents

ချင်းပြည်နယ် ဖလမ်းမြို့၌ အင်အား  ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ မြေငလျင် လှုပ်ခတ်

မြေငလျင်လှုပ်ရှားမှုပြဇယားအားတွေ ရစဉ်(မိုးဇလ)

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ချင်းပြည်နယ် ဖလမ်းမြို့၏ မြောက်-အနောက်မြောက်ဘက် (၁၄) မိုင်ခန့်အကွာ၌ ယနေ့ နံနက် ၇နာရီ ၄၂မိနစ်တွင် အင်အား  ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

 ဟားခါးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၃၃) မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံပြည်တွင်း၊ (ဖလမ်းမြို့၏ မြောက်-အနောက်မြောက်ဘက် (၁၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၁၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၆၆) ဒီဂရီ၊ အနက်(၂၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ကို တိုင်းထွာရရှိခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)