Connect with us

Africa & Middle East

အီရန် ရေတပ်က “Jask” ခရုဇ်ဒုံးကျည် အမြောက်အများ ထုတ်လုပ်

အီရန် နိုင်ငံ ရေငုတ် သင်္ဘော တစ်စင်းအား တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

အီရန် နိုင်ငံ ရေတပ်က ရေငုတ်သင်္ဘောမှ ပစ်လွှတ်ရသော ပြည်တွင်းထုတ် “Jask” ခရုဇ်ဒုံးကျည် အမြောက်အများကို ထုတ်လုပ်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၃၀ ရက်တွင် ကြေညာခဲ့သည်ဟု Press TV ၏ ဖော်ပြမှု အရ သိရသည်။

အီရန် ရေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Hossein Khanzadi က အီရန် ရေငုတ်သင်္ဘောများတွင် “Jask” ခရုဇ် ဒုံးကျည် များကို တပ်ဆင်သွားမည် ဖြစ်ကြောင်း ၊ အနာဂတ်တွင် ပစ်လွှတ်နိုင်သည့် အကွာအဝေးကို ပိုမို ရောက်ရှိအောင် အားထုတ် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ယင်းခရုဇ်ဒုံးကျည်သည် အီရန် ရေတပ် အတွက် ဝေးကွာသည့် နေရာရှိ ပစ်မှတ်များအား ထိမှန်စေရန် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

၎င်းဒုံးကျည်သည် ရန်သူများ အတွက် အကြီးအကျယ် အံ့အား သင့်စရာ အသေအချာ ဖြစ်လိမ့်မည်ဟု အီရန် ရေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Hossein Khanzadi က ပြောကြားခဲ့သော်လည်း အသေးစိတ် စွမ်းဆောင်ရည်ကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပေ။အီရန် ရေတပ်သည် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် မြို့တော် တီဟီရန်၌ ပြုလုပ်သော ပြပွဲတစ်ခုတွင် Pelican-2 အမည်ရှိ ပြည်တွင်းထုတ် ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်သော ရေတပ်သုံး ဒရုန်းအား ထုတ်ဖော် ပြသခဲ့ကြောင်း သိရသည်။အဆိုပါ ရေတပ်သုံး ဒရုန်းတွင် ဒေါင်လိုက် လှုပ်ရှားမှု ပြုလုပ်ရန် အတွက် အင်ဂျင် လေးလုံး နှင့် အားကောင်းသည့် ပန်ကာကို တပ်ဆင်ထားပြီး ပင်လယ်ရေကြောင်း ကင်းလှည့်ခြင်း နှင့် ကင်းထောက်ခြင်း လုပ်ငန်းများ အတွက် စစ်သင်္ဘောမှ ပျံတက်နိုင်ကြောင်း သိရသည်။

ယင်းအီရန် ဒရုန်းသည် အရေးပေါ်အခြေအနေ၌ ရေပေါ်တွင် ဆင်းသက်နိုင်ကြောင်း ၊ အီရန် ရေတပ်က Pelican-2 အမည်ရှိ ရေတပ်သုံး ဒရုန်းအား နိုင်ငံတကာ ရေပိုင်နက်ရှိ ရေတပ်သင်္ဘောများတွင် တပ်ဖြန့် ထားကြောင်း သိရသည်။ထို့အတူ အီရန် ရေတပ်သည် သမာရိုးကျ GPS စနစ်ဖြင့် ဖမ်းယူနိုင်ခြင်း မရှိသော ရေမျက်နှာပြင်အောက် သွားလာနေသော ရေငုတ်သင်္ဘောများအား ထောက်လှမ်းနိုင်ရန် အတွက် အသုံးပြုသော INS ထောက်လှမ်းရေး စနစ်ကို ပြပွဲတွင် ပြသခဲ့ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.