ရန်ကုန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ) ကိုကိုးကျွန်း ရေပြင်တွင် တပ်မတော်(ရေ)စစ်ရေယာဉ်များသည် ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များလေ့ကျင့်ပစ်ခတ်ခြင်းများအား မတ်လ ၂၃ ရက်မှ ၃၁ ရက် အတွင်း လေ့ကျင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မတ် ၁၆ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်ရှိ အခြေအနေ တိုးတက်လာစေရန် လတ်တလော အကောင်အထည်ဖော်နိုင်မည့် အဆင့်များ ပါဝင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာအား တင်သွင်းလိုက်ကြောင်း ယနေ့ မတ် ၁၆ ရက်တွင် ကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့သည်။
နေပြည်တော်၊ မတ်လ ၁၆ ရက် (ဆင်ဟွာ) ပြည်သူလူထု၏ကျန်းမာရေး စောင့်ရှောက်မှုနှင့်တစ်မျိုးသားလုံး၏ ကျန်းမာရေး အဆင့်အတန်း တိုးတက် မြင့်မားစေရေး အတွက်လိုအပ်ချက် ကြီးမားသည့်သူနာပြုများ ပေါ်ထွက်ရန် ကြိုးပမ်း လျက်ရှိကြောင်းကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း က ယနေ့ နေ့လယ်တွင်နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာ...
ပါရီ ၊မတ် ၁၆ ရက်( ဆင်ဟွာ) ပြင်သစ်နိုင်ငံ ပါရီမြို့လယ်ရှိ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့( IMF) ရုံး၌ ယနေ့(မတ်လ ၁၆)ရက်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦး ဒါဏ်ရာ ရသွားကြောင်း ဒေသတွင်းမီဒီယာအရ သိရသည်။
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ မြို့ပြင်ရှိ ဆီဆိုင်တန်း မီးလောင်မှုဖြစ်စဉ်တွင် ကျပ်သိန်းပေါင်း ၄၉၀၀ ကျော်ဆုံးရှုံးခဲ့ကြောင်း၊ ပ-၉၁/၂၀၁၇/၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ပြောကြားသည်။