Connect with us

Economy

JETOUR  X70 ကားအမျိုးအစား မိတ်ဆက်ပွဲနှင့် ဈေးကွက်တင်စတင်ရောင်းချခြင်း အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပပြုလုပ် 

JETOUR X70 ကားအမျိုးအစား မိတ်ဆက်ပွဲနှင့် ဈေးကွက်တင်စတင်ရောင်းချခြင်းအခမ်းအနားမြင်ကွင်း(ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် 

JETOUR X70 ကားအမျိုးအစား မိတ်ဆက်ပွဲနှင့် ဈေးကွက်တင်စတင်ရောင်းချခြင်းအခမ်းအနားကို Shining Star Group ကုမ္ပဏီ၊ Gold AYA Motors ကုမ္ပဏီ နှင့် Chery Holding ကုမ္ပဏီတို့က ယနေ့ တွင်ရ န်ကုန်မြို့ အင်းယားလိတ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားတွင် Shining Star Group ကုမ္ပဏီ ဥက္ကဌ မစ္စတာ ဝမ်ဟိုင်လုံက JETOUR X70 ကားအမျိုးအစားသည် Gold AYAနှင့် Cherry Holding ကုမ္ပဏီ ပူးပေါင်းဆောင်ရွက်မှု၏ ပထမဆုံး ကားအမျိုးအစား ဖြစ်ကြောင်း ၊ Chery Holding ကုမ္ပဏီက အရည်အသွေး ကောင်းမွန်သော JETOUR X70 ကားဈေးကွက်အတွင်းရောက်ရှိအောင် မြန်မာနိုင်ငံတွင် သုံးစွဲနိုင်အောင် ကူညီပံ့ပိုးပေးသည့်အတွက် အထူးပင် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

 Shining Star Group ကုမ္ပဏီ ဥက္ကဌ မစ္စတာ ဝမ်ဟိုင်လုံ(Wang Hailong) နှုတ်ခွန်းဆက်စကား ပြောကြားစဉ်(ဆင်ဟွာ)

Chery Holding ကုမ္ပဏီ၏ ဘုတ် အဖွဲ့ ဒုတိယဥက္ကဌ မစ္စတာ ကျိုးပိရန်(Zhou Biren)က  တရုတ်-မြန်မာ ချစ်ကြည်ရေးနှစ်ပေါင်းများစွာတည်ရှိလာခဲ့ကြောင်း ၊ ယခုနှစ်ပိုင်းများတွင် မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးလာသည်နှင့်အညီ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်းမပြတ်ကောင်းမွန်လာကြောင်း ၊ Gold AYA Motorsကုမွဏီသည် အားလုံး၏ထောက်ခံအားပေးမှုနှင့်အတူ JETOUR X70 ကို မြန်မာနိုင်ငံတွင် ပြည်သူအများနှစ်ခြိုက်ယုံကြည်စိတ်ချရသည့် ကားအမျိုးအစား ဖြစ်စေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

Chery Holding ကုမ္ပဏီ၏ ဘုတ် အဖွဲ့ ဒုတိယဥက္ကဌ မစ္စတာ ကျိုးပိရန်(Zhou Biren) နှုတ်ခွန်းဆက် စကား ပြောကြားစဉ်(ဆင်ဟွာ)

Chery Holding ကုမ္ပဏီ၏ ဘုတ် အဖွဲ့ ဒုတိယဥက္ကဌ မစ္စတာ ကျိုးပိရန်(Zhou Biren)အား တွေ့ရစဉ်(ဆင်ဟွာ)

 JETOUR X70 ကားအမျိုးအစား မိတ်ဆက်ပွဲနှင့် ဈေးကွက်တင်စတင်ရောင်းချခြင်းအခမ်းအနားမြင်ကွင်း(ဆင်ဟွာ)

 JETOUR X70 ကားအမျိုးအစား မိတ်ဆက်ပွဲနှင့် ဈေးကွက်တင်စတင်ရောင်းချခြင်းအခမ်းအနားမြင်ကွင်း(ဆင်ဟွာ)

JETOUR X70 သည် Chery Holding ကုမ္ပဏီမှ ထုတ်လုပ်သည့် intelligent SUVအမျိုးအစား ကားဖြစ်ပြီး 1.5T Turbocharged အင်ဂျင်၊ 8 AT Gear Boxiနှင့်  Glacier White၊ Beach Gold ၊Aurora Blue၊ Volcano Red၊ Meteorite Black ဟူ၍ အရောင်ငါးမျိုးထုတ်လုပ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.