ရှန်ဟိုင်း၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) မီးဖိုချောင်ထဲတွင်အလွန်အသုံးဝင်နိုင်မည့် လိုသလိုသိမ်းဆည်းအသုံးပြုနိုင်သော ရေဘုံပိုင်ခေါင်းတစ်မျိုးကို ရှန်ဟိုင်းတွင်ပြုလုပ်လျက်ရှိသည့် ပထမဆုံး တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲတွင် ပြသခဲ့ကြောင်းသိရသည်။ (Xinhua)
ရှန်ဟိုင်း၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ဆင်ဟွာသတင်းဋ္ဌာန၏ အသိဉာဏ်တု နည်းပညာသုံးသတင်းကြေညာသူက ပထမဆုံးအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲတွင် ပနားမား တာဝန်ရှိသူတစ်ဦးနှင့် အလီဘာဘာ တည်ထောင်သူ ဂျက်မားတို့ ပြောကြားခဲ့သည့် အကြောင်းအရာများပါဝင်သည့် သတင်းများကို တင်ဆက်ခဲ့သည်။(Xinhua)
ရှန်ဟိုင်း၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) မိမိစိတ်တိုင်းကျ လိုသလို ပြောင်းလဲ တတ်ဆင် နိုင်သည့် transformer မျက်မှန်တစ်မျိုးကို တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် ပြသလျက်ရှိသည့် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲတွင် ပြသခဲ့သည်။ အဆိုပါ မျက်မှန်မှာ မှန် နှင့် မျက်မှန်ကိုင်းကို စိတ်ကြိုက်လိုသလိုပုံဖော်တပ်ဆင်နိုင်သောကြောင့် transformer glass ဟုအမည်ပေးထားကြောင်းသိရသည်။(Xinhua)
ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) နိုင်ငံခြားဘဏ် ဘဏ်ခွဲများအား ပြည်တွင်းဘဏ်များနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ (Local Corporate)သို့ မည်သည့်ချေးငွေဖြည့်ဆည်းမှု (Any Financing) ကိုမဆိုဆောင်ရွက်ခြင်း နှင့် အခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ (Other Banking Services)ဆောင်ရွက်ခြင်းတို့ကို ခွင့်ပြုကြောင်း ညွှန်ကြားချက်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည်။
မက္ကဆီကိုစီးတီး၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) မက္ကဆီကိုစီးတီးရှိ အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် နိုဝင်ဘာလ ၇ ရက်ညပိုင်းက နောက်တွဲထရပ်ကားတစ်စီး ဘရိတ်ပေါက်ပြီးနောက် ကား ၁၀ စီးခန့်ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး အခြားလူ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက နိုဝင်ဘာလ ၈...