ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုမို သည် ဇန်နဝါရီ ၂၇ ရက်မှ ၂၈ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင် က ပေကျင်းမြို့တွင် ဇန်နဝါရီ ၂၆ ရက်က ကြေညာခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ကြီး၏ ရေအရည်အသွေး တိုင်းတာစစ်ဆေးမှုများနှင့် ပတ်သက်ပြီး ပိုမိုတိကျခိုင်မာသည့် အချက်အလက်များ ရရှိစေရေး တစ်နှစ်ထပ်မံ၍ သုတေသနလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
အန်ကာရာ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အက်ဖရင်းပြည်နယ် ရှိ ကာ့ဒ်လူမျိုးတို့၏ နယ်မြေတွင် တူရကီနိုင်ငံက စစ်ရေးအရ တိုက်စစ်ဆင်မှုများ ပြုလုပ်စဉ်အတွင်း အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး အခြားလူ ၁၃၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ ဝန်ကြီးတစ်ဦးကပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင် – သပိတ်တောင်-ညောင် ချောင်း-အောင်ဇေယျ-အငူမော်လမ်း သည် ၄၆ မိုင် ၅ ဖာလုံရှိသည်။ ယခုအခါ အဆိုပါလမ်းအား ဆောက်လုပ်ရေး ဝန်ကြီးဌာန ကျေးလက်လမ်းဦးစီးဌာနက တာဝန်ယူပြီး တာပေါင်ချဲ့ခြင်း၊ ဖြုန်း ကျောက်ခင်းခြင်း၊ တံတားများပြုပြင်...
နယူးယောက်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ မာဒန်မြို့မြောက်ဘက် ၁၈၂ကီလိုမီတာအကွာတွင် ရစ်ချ်တာစကေး ၅.၉ပမာဏရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး (USGS) ကဇန်နဝါရီ ၂၆ရက်တွင်ပြောကြားခဲ့သည်။