Connect with us

Politics, Law & Military

စစ်ရေးပြအခမ်းအနားတွင် တရုတ်နိုင်ငံက Dongfeng-17 သမားရိုးကျဒုံးကျည်များကို ထုတ်ဖော်ပြသ

တရုတ်နိုင်ငံ အမျိုးသားနေ့တွင် Dongfeng-17 သမားရိုးကျဒုံးကျည်များကို ပြသစဉ်(ဆင်ဟွာ)

ပေကျင်း ၊အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှစ် ၇ဝ ပြည့်အခမ်းအနား၏ အမျိုးသားနေ့ စစ်ရေးပြချီတက်မှုတစ်ခုတွင် အသစ်တီထွင်ထုတ်လုပ်ထားသည့် Dongfeng-17 သမားရိုးကျဒုံးကျည်များကို ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံက ထုတ်ဖော်ပြသခဲ့သည်။

အဆိုပါဒုံးကျည်အမျိုးအစားသည် တာလတ် နှင့် တာတို ပစ်မှတ်များကို တိကျမှန်ကန်အောင် ပစ်ခတ်နိုင်စွမ်းရှိပြီး ရာသီဥတုအနေအထားအမျိုးမျိုးတွင် ပစ်မှတ်ကို ရောက်ရှိအောင် ဖောက်ထွင်း ဝင်ရောက်နိုင်စွမ်းရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ အမျိုးသားနေ့တွင် Dongfeng-17 သမားရိုးကျဒုံးကျည်များကို ပြသစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသားနေ့တွင် Dongfeng-17 သမားရိုးကျဒုံးကျည်များကို ပြသစဉ်(ဆင်ဟွာ)

Dongfeng-17 ချီတက်အုပ်စုကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အခြေပြုဖွဲ့စည်းထားသည့် ဒုံးပျံတပ်ဖွဲ့၏ သမားရိုးကျဒုံးကျည်တပ်ဖွဲ့ခွဲနှစ်ခုမှ ချီတက်ပြသခဲ့ခြင်းဖြစ်သည်။(Xinhua)