တိုကျို ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ၌ အများပြည်သူသွားလာအသုံးပြုနေသော အဆောက်အဦ အခန်းများအတွင်း ဆေးလိပ်သောက်သုံးခြင်းကို ပိတ်ပင်တားမြစ်သည့် ဥပဒေတစ်ရပ်ကို ယနေ့ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဂျီနိုအာ ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ ဂျီနိုအာမြို့ရှိ မိုရန်ဒီ(Morandi) တံတားကို ဇွန် ၃ဝ ရက်တွင် အပြီးဖြိုချ ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း သိရသည်။
ဟူစတန် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် ဒါးလက်စ်မြို့အနီး၌ ဇွန် ၃ဝ ရက် နံနက်ပိုင်းတွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုဖြစ်ပွားရာ လူ ၁ဝ ဦးသေဆုံးသွားကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်အနေဖြင့် စစ်တိုင်းကြီး ၅ခုတွင် စစ်ရေးလှုပ်ရှားမှုအား ၂ လတိုးမြှင့်ရပ်ဆိုင်းလိုက်ကြောင်း ယနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။