Connect with us

Africa & Middle East

ကဘူးလ်လေဆိပ်အနီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ တိုက်ခိုက်မှုဖြစ်ပွား

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကဘူးလ်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်အနီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်ဂိုဏ်းတစ်ခုအကြား သြဂုတ်လ ၇ ရက် နံနက်အစောပိုင်းက ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်တစ်ရပ်နှင့် မျက်မြင်သက်သေများက ပြောခဲ့သည်။

“အာဖဂန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များက သြဂုတ်လ ၇ ရက် နံနက်အစောပိုင်းမှာ Qasaba ရပ်ကွက်မှာရှိတဲ့ အိုင်အက်စ်ကွန်ရက်တစ်ခုကို နှိမ်နင်းရေး ပြုလုပ်ခဲ့တယ်။ အဲဒီစစ်ဆင်ရေးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရန်ပြုပစ်ခတ်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး လက်နက်ကိုင်အကြမ်းဖက်များနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတယ်” ဟု အမည်မဖော်သည့် အဆိုပါသတင်းရင်းမြစ်က ဆင်ဟွာသို့ ပြောခဲ့သည်။

အဆိုပါ သံသယရှိ စစ်သွေးကြွများသည် ကဘူးလ်မြို့မြောက်ပိုင်းတွင် သြဂုတ်လ ၆ ရက် ညနေပိုင်းက မူးယစ်ဆေးဝါးဆန့်ကျင်ရေးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည့် လမ်းဘေးဗုံးတိုက်ခိုက်မှုအပါအဝင် ဗုံးခွဲတိုက်ခိုက်မှုများအတွက် တာဝန်ရှိသူများဖြစ်ကြောင်း သတင်းရင်းမြစ်က ဖြည့်စွက်ပြောကြားခဲ့သည်။

အချိန်ကြာမြင့်စွာ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွင်း ပေါက်ကွဲမှု နှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေ အဗ္ဗဒူလ်ရှာ (Abdul Shah) က ပြောခဲ့သည်။

တိုက်ခိုက်မှုကြောင့် လူသေဆုံးမှုရှိသတင်းများမရှိသေးကြောင်း၊ တိုက်ခိုက်မှုနှင့် ပတ်သက်၍ နောက်ထပ် အချက်အလက်များအား မီဒီယာများမှ အသိပေးသွားမည်ဟု သတင်းရင်းမြစ်က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.