လူဇင်ဘတ်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) သက်တမ်းအားဖြင့် ၃ နှစ်ရှိပြီဖြစ်သော အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) သည် ဇူလိုင်လ ၁၃ ရက်တွင် အာဖရိကမှ အသစ်ဝင်ရောက်လာသည့် ဘီနင်နိုင်ငံ၊ ဂျီဘူတီနိုင်ငံနှင့် ရဝမ်ဒါနိုင်ငံများအား အဖွဲ့ဝင်အဖြစ် လက်ခံပြီးနောက် အဖွဲ့ဝင်အင်အား ၁၀၀ အထိ တိုးချဲ့လာနိုင်ပြီဖြစ်ကြောင်း သိရသည်။
စတော့ဟုမ်း၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ဆွီဒင်နိုင်ငံ မြောက်ပိုင်းတွင် လေယာဉ်ငယ်တစ်စီး ဇူလိုင် ၁၄ ရက်က ပျက်ကျမှုဖြစ်ပွားရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၉ ဦးစလုံးသေဆုံးခဲ့ကြောင်း သိရသည်။
လန်ဒန်၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ဗြိတိန်မှ ထိန်းသိမ်းထားသည့် ရေနံတင်သင်္ဘောသည် ဆီးရီးယားသို့ သွားရောက်ခြင်းမဟုတ်ဟု အီရန်က အာမခံပါက ပြန်လွှတ်ပေးမည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးJeremy Hunt က ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ဂျေရုဆလမ် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံလေတပ်သည် အမေရိကန်ထံမှ F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်သစ် နှစ်စင်းကို ဇူလိုင် ၁၄ ရက်တွင် ထပ်မံရရှိခဲ့ကြောင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။
ဂျကာတာ ၊ ဇူလိုင် ၁၄ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံအရှေ့မြောက်ပိုင်း Maluku ပြည်နယ်အတွင်းရှိ Halmaheraကျွန်း၌ ယနေ့(ဇူလိုင် ၁၄ရက်) ၁၇ နာရီ ၁၀ မိနစ်က ပြင်းအား ၇.၂ အဆင့်ရှိ အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ၊ သို့သော် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ...