Connect with us

Europe

အီရန် ရေနံတင်သင်္ဘော တောင်းဆိုချက်နှင့်ကိုက်ညီပါက ပြန်လွှတ်ပေးမည်ဟု ဗြိတိန်ဆို

Grace 1 ရေနံတင်သင်္ဘောအား ဂျီဘရောတာ ရေလက်ကြားတွင် တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

ဗြိတိန်မှ ထိန်းသိမ်းထားသည့် ရေနံတင်သင်္ဘောသည် ဆီးရီးယားသို့ သွားရောက်ခြင်းမဟုတ်ဟု အီရန်က အာမခံပါက ပြန်လွှတ်ပေးမည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးJeremy Hunt က ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

Jeremy Hunt က ယင်းနေ့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးMohammad Javad Zarif နှင့် ဖုန်းဖြင့် ဆက်သွယ်စဉ် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုပြောကြားချက်က ရေနံသင်္ဘော ဖမ်းဆီးထိန်းခြင်းကြောင့် ဗြိတိန်-အီရန်အကြား တင်းမာလာသည့် ဆက်ဆံရေးကို ဖြေလျော့ရန် အခွင့်အလမ်းကောင်း ဖြစ်ကြောင်း ဗြိတိန်လူထုက ထင်မှတ်ကြသည်။

အီရန်နှင့် ဖုန်းဖြင့်ဆွေးနွေးမှုတွင် အပြုသဘောဆောင်ကြောင်း ၊ အီရန်ကလည်း ယင်းကိစ္စအား တွန်းအားပေး ဖြေရှင်းလိုကြောင်း Jeremy Hunt က ၎င်း၏ တွစ်တာလူမှုကွန်ရက်တွင် ဖော်ပြထား သည်။

ဗြိတိန်နိုင်ငံသည် ယခုလဆန်းပိုင်းတွင် ဂျီဘရောတာ ရေလက်ကြား၌ အီရန်၏ Grace 1 ရေနံတင် သင်္ဘော အား ထိန်းသိမ်းခဲ့သည်။ အီးယူမှ ဆီးရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအား ချိုးဖောက်ပြီး ဆီးရီးယားနိုင်ငံသို့ ရေနံစိမ်းတင်ပို့ြ့ခြင်းကြောင့် ၎င်းသင်္ဘောအား ထိန်းသိမ်းရခြင်းဖြစ်ကြောင်း ဆိုသည်။

အီရန်က ယင်းကိစ္စကို ငြင်းဆိုထားရာ ထိန်းသိမ်းထားသည့် ရေနံသင်္ဘောအမြန်ဆုံး ပြန်လွှတ်ပေးရန် နှင့် အန္တရာယ်များသည့်ကစားပွဲ ဗြိတိန် မဆင်နွှဲရန် သတိပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.