Connect with us

Europe

AIIB ဘဏ်က ၃ နှစ်အတွင်း အဖွဲ့ဝင် ၁၀၀ အထိတိုးချဲ့နိုင်ခဲ့

AIIB ၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် မိန့်ခွန်းပြောနေသည့် ဥက္ကဋ္ဌ ကျင်းလိချွမ်အား တွေ့ရစဉ် (ဆင်ဟွာ)

လူဇင်ဘတ်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

သက်တမ်းအားဖြင့် ၃ နှစ်ရှိပြီဖြစ်သော အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) သည် ဇူလိုင်လ ၁၃ ရက်တွင် အာဖရိကမှ အသစ်ဝင်ရောက်လာသည့် ဘီနင်နိုင်ငံ၊ ဂျီဘူတီနိုင်ငံနှင့် ရဝမ်ဒါနိုင်ငံများအား အဖွဲ့ဝင်အဖြစ် လက်ခံပြီးနောက် အဖွဲ့ဝင်အင်အား ၁၀၀ အထိ တိုးချဲ့လာနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်အား AIIB ဘုတ်အဖွဲ့က လူဇင်ဘတ်နိုင်ငံတွက် ကျင်းပသော စတုတ္ထအကြိမ်မြောက် အစည်းအဝေးတွင် တညီတညွတ်တည်းဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဒေသတွင်းအဖွဲ့ဝင်မဟုတ်သော အဆိုပါ အလားအလာရှိသော ၃ နိုင်ငံအနေဖြင့် လိုအပ်သော သက်ဆိုင်ရာနိုင်ငံအတွင်း လိုအပ်သော လုပ်ငန်းစဉ်များနှင့် ပထမဆုံးမတည်ငွေပေးသွင်းမှုများ လုပ်ဆောင်ပြီးပါက AIIB ဘဏ်သို့ တရားဝင်ချိတ်ဆက်ရမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဘဏ်အစည်းအဝေးပြုလုပ်၍ တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး လျိုခွန်း (Liu Kun) အား ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်ကြောင်း သိရသည်။

“AIIB အဖွဲ့ဝင်တွေက ကမ္ဘာ့လူဦးရေးရဲ့ ၇၈ ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့ ဂျီဒီပီရဲ့ ၆၃ ရာခိုင်နှုန်းရှိပါတယ်။ အဖွဲ့ဝင်အားလုံးကျောထောက်နောက်ခံထားပြီး ကျွန်တော်တို့က ကျစ်လစ်သော၊ သန့်ရှင်းသော၊ လတ်ဆတ်သော အဖွဲ့အစည်းတစ်ခု တည်ဆောက်ပြီး အဖွဲ့ဝင်တို့ရဲ့ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကိုထောက်ပံ့ဖို့ ကူညီနိုင်ပါလိမ့်မယ်” ဟု AIIB ဥက္ကဋ္ဌ ကျင်းလိချွမ်က (Jin Liqun) က ပြောခဲ့သည်။

AIIB ၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

“ကျွန်တော်တို့က တိုက်ကြီးတွေတိုင်းမှာ အဖွဲ့ဝင်တွေရှိနေပါပြီ။ AIIB မှာပါဝင်ထားတဲ့ အာဖရိကနိုင်ငံတွေရဲ့ တိုးတက်နေတဲ့ အကျိုးစီးပွားကို ကျွန်တော်တို့ကြိုဆိုပါတယ်။ ဘီနင်နိုင်ငံ၊ ဂျီဘူတီနိုင်ငံနဲ့ ရဝမ်ဒါနိုင်ငံနဲ့အတူ လာမယ့်နှစ်တွေမှာလည်း သူတို့တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ရေး အတူလုပ်ကိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

“ပူးပေါင်းဆောင်ရွက်မှုနှင့် ကွန်ရက်ချိတ်ဆက်မှု” ဟူသောဦးတည်ချက်အောက်တွင် AIIB နှစ်ပတ်လည်အစည်းအဝေးကို လူဇင်ဘတ်နိုင်ငံတွင် ဇူလိုင်လ ၁၂ ရက်တွင် နှစ်ရက်ကြာပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးအဖြစ် အာရှတိုက်ပြင်ပတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ AIIB တာဝန်ရှိသူများ၊ အဖွဲ့ဝင်နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေးခေါင်းဆောင်များနှင့် ကျွမ်းကျင်သူ ၁,၀၀၀ ဦး ကျော်တက်ရောက်ခဲ့သည်။

ယခုနှစ် အစည်းအဝေးသည် အာရှ-ဥရောပ ပူးပေါင်းဆောင်ရွက်မှုနှင့် ကွန်ရက်ချိတ်ဆက်မှု၊ ဒီဂျစ်တယ် ကွန်ရက်ချိတ်ဆက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ ရေရှည်တည်တံ့သော အခြေခံအဆောက်အအုံ ခိုင်မာတောင့်တင်းရန် မီးမောင်းထိုးပြထားသည်။

ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးအား ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်မှ ၃ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပရန် ဘဏ်၏အုပ်ချုပ်သူဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

AIIB အနေဖြင့် အဖွဲ့ဝင် ၁၈ နိုင်ငံတွင် အဝေးပြေးလမ်းများနှင့် စွမ်းအင်စက်ရုံများကဲ့သို့သော စီမံကိန်း ၄၆ ခုအတွက် အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံ ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.