Connect with us

Europe

ဆွီဒင်နိုင်ငံ မြောက်ပိုင်းတွင် လေယာဉ်ငယ်တစ်စီးပျက်ကျမှုဖြစ်ပွား၊ လူ ၉ ဦး သေဆုံး

လေယာဉ်ပျက်ကျရာ အချင်းဖြစ်နေရာအနီးတွင် ကူညီကယ်ဆယ်ရေးသမားများအား တွေ့ရစဉ် (ဆင်ဟွာ)

စတော့ဟုမ်း၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

ဆွီဒင်နိုင်ငံ မြောက်ပိုင်းတွင် လေယာဉ်ငယ်တစ်စီး ဇူလိုင် ၁၄ ရက်က ပျက်ကျမှုဖြစ်ပွားရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၉ ဦးစလုံးသေဆုံးခဲ့ကြောင်း သိရသည်။

လူ ၉ ဦး တင်ဆောင်လာသည့် လေယာဉ်ငယ်တစ်စီးသည် ဇူလိုင် ၁၄ ရက် ညနေပိုင်းက ဆွီဒင်နိုင်ငံ မြောက်ပိုင်း Umeå မြို့အနီးတွင် ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်ပေါ်တွင် သက်ရှင်ကျန်ရစ်သူမရှိ အားလုံးသေဆုံးခဲ့ကြောင်း ဒေသခံ ကူညီကယ်ဆယ်ရေးဌာနက သတင်း ထုတ်ပြန်ထားသည်။

ဆွီဒင်ရုပ်မြင်သံကြားသတင်းများအရ အချင်းဖြစ်လေယာဉ်မှာ ပျံသန်းပြီးမကြာမီ Umeåလေဆိပ်အနီး ကျွန်းတစ်ခုတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ၊ လိုက်ပါလာသူများမှာ အဓိကအားဖြင့် လေထီးခုန်အားကစားဝါသနာရှင်များဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စီးနှင့် ရေယာဉ်တစ်စီး အချင်းဖြစ်နေရာသို့ သွားရောက်ပြီးဖြစ်ကြောင်းသိရသည်။

အချင်းဖြစ်နေ့တွင်ပင် ဆွီဒင် ဝန်ကြီးချုပ် Stefan Löfvenက ကြေညာချက်ထုတ်ပြန်ခဲ့ရာ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်းနှင့် ၎င်းတို့၏ မိသားစုဝင်များအား နှစ်သိမ့်စကားပြောကြားကြောင်း၊ အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ အစိုးရသည် သက်ဆိုင်ရာဌာနများနှင့်အတူ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.