Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ Halmaheraကျွန်းတွင် ပြင်းအား ၇.၂ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်

အင်ဒိုနီးရှားနိုင်ငံ Halmahera ကျွန်အား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ ၊ ဇူလိုင် ၁၄ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံအရှေ့မြောက်ပိုင်း Maluku ပြည်နယ်အတွင်းရှိ Halmaheraကျွန်း၌ ယနေ့(ဇူလိုင် ၁၄ရက်) ၁၇ နာရီ ၁၀ မိနစ်က ပြင်းအား ၇.၂ အဆင့်ရှိ အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ၊ သို့သော် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ နှင့် ဘူမိရူပအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါငလျင်သည် Labuha ပြည်နယ် အရှေ့မြောက်ဘက် ၆၂ ကီလိုမီတာအကွာ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ တောင်လတ္တီကျု ဝ.၅၂ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၂၈.၁၇ ဒီဂရီ အကြားတွင်မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ငလျင်ကြောင့်ဆူနာမီ ဖြစ်နိုင်ချေမရှိပါဘူး။ ဒါကြောင့် ဆူနာမီသတိပေးချက် မထုတ်ပြန်ပါဘူး” ဟု မိုလေဝသဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။ ထို့ပြင် လက်ရှိအချိန်ထိ ထိခိုက်သေဆုံးမှု သတင်း တစ်စုံတစ်ရာမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးဌာနက ငလျင်မှာ ပြင်းအား ၇.၃ အဆင့်ရှိကြောင်း ကနဦးတွင် သတင်းထုတ်ပြန်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်ငလျင်ကြောတွင် တည်ရှိနေပြီး မကြာခဏ ငလျင်လှုပ်ခတ်လျက် ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117