Connect with us

Africa & Middle East

အစ္စရေးနိုင်ငံက F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်သစ်နှစ်စင်း ထပ်မံရရှိ

အမေရိကန်နိုင်ငံထုတ် F-35 ဂျက်တိုက်လေယာဉ်တစ်စင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ဂျေရုဆလမ် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံလေတပ်သည် အမေရိကန်ထံမှ F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်သစ် နှစ်စင်းကို ဇူလိုင် ၁၄ ရက်တွင် ထပ်မံရရှိခဲ့ကြောင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

၎င်းဂျက်တိုက်လေယာဉ် နှစ်စင်းသည် အစ္စရေးနိုင်ငံတောင်ပိုင်း Nevatim လေတပ်အခြေစိုက်စခန်းသို့ရောက်ရှိလာခဲ့ပြီး နိုင်ငံ၏ F-35 တိုက်လေယာဉ်အုပ်စုကို ထပ်မံအားဖြည့်ပေးခဲ့ကြောင်း သိရသည်။

F-35 ဂျက်တိုက်လေယာဉ်သစ်များ သို့မဟုတ် Adir ( ဟီးဘရူးဘာသာဖြင့် စွမ်းအားရှင်)များကို အမေရိကန်နိုင်ငံတက္ကဆက်စ်ပြည်နယ်ရှိ လော့ဒ်ဟီးမာတင်(Lockheed Martin) လေယာဉ်ကုမ္ပဏီမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

“ အစ္စရေးလေတပ်ရဲ့ မဟာဗျူဟာမြောက်စွမ်းဆောင်ရည် နဲ့ စစ်ဆင်ရေးအတွက် နောက်ထပ် အလွှာတစ်ခုကို ဖြည့်ဆည်းပေးလိုက်တာပဲ” ဟု အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

အစ္စရေးနိုင်ငံသည် အမေရိကန်ထံမှ F-35 ဂျက်တိုက်လေယာဉ် အစင်း ၅ဝ လက်ခံရရှိရန် ရှိနေပြီး ယခုရောက်ရှိလာသော လေယာဉ်သစ် ၂ စင်းမှာ ယင်း၏အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ၊ ပထမအသုတ်လေယာဉ်များသည် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာတွင် အစ္စရေးနိုင်ငံသို့ရောက်ရှိလာခဲ့ကြောင်း နှင့် ၂ဝ၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် အစ္စရေးသည် F-35 ဂျက်တိုက်လေယာဉ် အစင်း ၂ဝ ထိ ပိုင်ဆိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

“ စွမ်းဆောင်ရည်မြင့် F-35 ဂျက်တိုက်လေယာဉ်တွေကို လက်ခံရရှိခြင်းဟာ အမေရိကန် နဲ့အစ္စရေး အကြား ကာလရှည်ကြာစွာ တည်ရှိခဲ့တဲ့ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုရဲ့ နောက်ထပ်ပြယုဂ်တစ်ခုပါပဲ ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အစ္စရေးလေတပ်သည် အမေရိကန်နိုင်ငံပြင်ပ၌ F-35 ဂျက်တိုက်လေယာဉ်များ စစ်ရေးတာဝန်ထမ်းဆောင်နေသည့် ကမ္ဘာ့ပထမဆုံးလေတပ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ပြီးခဲ့သော ဇွန်လက အမေရိကန်နိုင်ငံ၏ ဦးဆောင်မှုဖြင့် ဗြိတိသျှလေတပ် နှင့် အစ္စရေး လေတပ်တို့ပါဝင်သော “ Tri-Lightning” သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် F-35 တိုက်လေယာဉ်များပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

F-35 သည် အမေရိကန်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့်နည်းပညာအမြင့်ဆုံး ဂျက်တိုက်လေယာဉ်မျိုးဆက်ဖြစ်သည်။ ၎င်းသည် သမာရိုးကျရေဒါစနစ်ကို ရှောင်လွှဲနိုင်ရန် အထူးထုတ်လုပ်ထားပြီး ကိုယ်ပျောက်လေယာဉ်အမျိုးအစားဖြစ်သည်။ထို့ပြင် ၎င်းသည် ဗုံးတွဲများကိုလည်း သယ်ဆောင်နိုင်ပြီး အလွန်လျင်မြန်သောအရှိန် Mach 1.6 (တစ်နာရီ ၁၂၃ဝ မိုင်) ထိ ပျံသန်းနိုင်စွမ်းရှိသည်။

သို့သော်လည်း ယင်းဂျက်တိုက်လေယာဉ်မှာ ကုန်ကျစာရိတ်ကြီးမြင့်မှု နှင့် အင်ဂျင်ပိုင်းဆိုင်ရာ အားနည်းမှု တို့ကြောင့် အမေရိကန်ကွန်ဂရက်၏ ဝေဖန်ထောက်ပြခြင်းခံနေရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.