နယူးဒေလီ၊ မေ ၂၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံံအတွင်းကျင်းပပြီးစီးခဲ့သော ၁၇ ကြိမ်မြောက်အထွေထွေရွေးကောက်ပွဲတွင် အိန္ဒိယဝန်ကြီး ချုပ်မိုဒီ၏ ဘာရာတီယာ ဂျာနာတာ ပါတီ (Bharatiya Janata Party –BJP) ပါတီက အနိုင်ရရှိသွားခဲ့ ကြောင်းရွေးကောက်ပွဲကော်မရှင်(ECI)က၎င်း၏လက်ကိုင်ဖုန်း application မှတစ်ဆင့်မေလ ၂၄ ရက် နံနက် ကထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ် အလိုက် အခြေခံပညာကျောင်းများအား ကျောင်းအဆင့်တိုးမြှင့်ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း၊ အဆင့်တိုးသည့် ကျောင်းပေါင်း ၂၅၂ ကျောင်းရှိမည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (Narendra Modi) ထံသို့ ၎င်း၏ Bharatiya Janata ပါတီက အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်အတွက် မေလ ၂၃ ရက်တွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့လိုက်ကြောင်း သိရသည်။
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က အသက် ၉၅ နှစ်အရွယ်ရှိ စစ်ပြန်သူရဲကောင်းတစ်ဦးဖြစ်သူ ကျန်းဖူချင်း (Zhang Fuqing) ၏ တိုင်းပြည်ချစ်စိတ်အပေါ် အတုယူစိတ်မွေးကြရန် ၊ ခေတ်သစ်တွင် အစွမ်းထက်ဆုံးအင်အားများကို ဖန်တီး၍ ပြည်သူများအတူတကွရှေ့ဆက်၍ ချီတက်ကြရန် တောင်းဆိုခဲ့သည်။
ကွေ့ယန်၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ယခုလကုန်ပိုင်းတွင် ကျင်းပရန်ရှိသည့် Big Data ပြပွဲသို့ ရပ်ဝန်းနှင့် ပိုးလမ်းမ (ခေတ်သစ်ပိုးလမ်းမကြီး) တစ်လျှောက်ရှိ နိုင်ငံနှင့်ဒေသပေါင်း ၃၀ မှ ပါဝင်သူများ တက်ရောက်ရန်ရှိပြီး မနှစ်ကထက် ၉၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့ကြောင်း ပွဲဖြစ်မြောက်ရေးစီစဉ်သူများက...