Connect with us

Education & Health

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ် အလိုက် အခြေခံပညာကျောင်းပေါင်း ၂၅၂ ကျောင်း အားအဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုမည်

တစ်နိုင်ငံလုံးရှိ ကျောင်းအရေအတွက်ပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ် အလိုက် အခြေခံပညာကျောင်းများအား ကျောင်းအဆင့်တိုးမြှင့်ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း၊ အဆင့်တိုးသည့် ကျောင်းပေါင်း ၂၅၂ ကျောင်းရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုင်းဒေသကြီး/ပြည်နယ်များအလိုက် ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုမည့် ကျောင်းစာရင်း များအား ပြည်သူများ သိရှိနိုင်ရန်အတွက် ဝန်ကြီးဌာန ဝက်ဘ်ဆိုက် www.moe.gov.mm တွင် တင်ပေးထား မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင်ကယားပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ကျောင်းအသစ်တစ်ကျောင်းစီတိုးခဲ့ကာ တစ်နိုင်ငံလုံးတွင် အလကကျောင်းပေါင်း ၁၁၆၈ ကျောင်း၊ အမကကျောင်းပေါင်း ၇၇၀ ကျောင်း၊ အထက(ခွဲ) ကျောင်းပေါင်း၁၀၄၇ကျောင်း၊ အလက(ခွဲ)၉၁၉ကျောင်း၊ မူလွန် ၁၀၆၂ ကျောင်း၊ အမက(ခွဲ)၄၃၁ ကျောင်း၊ စုစုပေါင်းကျောင်းအရေအတွက် ၅၆၅၁ ကျောင်း ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.