Connect with us

Science & Technology

Big Data ပြပွဲသို့ ရပ်ဝန်းနှင့် ပိုးလမ်းမ တစ်လျှောက်ရှိနိုင်ငံ ၃၀ မှ ပါဝင်သူများ တက်ရောက်ရန်ရှိ

၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သော တရုတ် နိုင်ငံတကာ Big Data Industry Expo ၂၀၁၈ အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကွေ့ယန်၊ မေ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ယခုလကုန်ပိုင်းတွင် ကျင်းပရန်ရှိသည့် Big Data ပြပွဲသို့ ရပ်ဝန်းနှင့် ပိုးလမ်းမ (ခေတ်သစ်ပိုးလမ်းမကြီး) တစ်လျှောက်ရှိ နိုင်ငံနှင့်ဒေသပေါင်း ၃၀ မှ ပါဝင်သူများ တက်ရောက်ရန်ရှိပြီး မနှစ်ကထက် ၉၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့ကြောင်း ပွဲဖြစ်မြောက်ရေးစီစဉ်သူများက မေလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ တရုတ် နိုင်ငံတကာ Big Data Industry Expo ၂၀၁၉ အား ကွေ့ကျိုးပြည်နယ် မြို့တော် ကွေ့ယန်တွင် မေလ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံနှင့် ဒေသပေါင်း ၅၅ ခုမှ ပါဝင်သူ ၂၆,၀၀၀ ဦးကျော်တက်ရောက်ရန် မျှော်မှန်းထားသည်။

၎င်းတို့အနက် တရုတ်နိုင်ငံနှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့်တာဝန်ရှိသူ ၄၆ ဦးနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်ပအစိုးရများမှ ၁၁၉ ဦးတို့ ပါဝင်ကြောင်း ကွေ့ယန်ပြည်နယ် အစိုးရက ပြောကြားခဲ့သည်။

ထို့ပြင် ပြပွဲ၌ ပြည်တွင်း၊ ပြည်ပမှ ကုမ္ပဏီ ၄၇၃ ခုပါဝင်တက်ရောက်မည် ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကထက် ၈၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိသည်။

ယခုနှစ်ပြပွဲသည် ၂၀၁၅ ခုနှစ်တွင် ပွဲစတင်ကျင်းပခဲ့စဉ်ကစ၍ ဧည့်သည်အရေအတွက် အများဆုံး ကျင်းပမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးစီစဉ်သူက ပြောခဲ့သည်။

နှစ်စဉ်ပြုလုပ်နေကျပြပွဲတွင် ဒီဂျစ်တယ်စီးပွားရေး၊ နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှု၊ အချက်အလက် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပေါင်းစည်းရေးနှင့် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု စသည့် ခေါင်းစဉ် ၅ ခုအား ဦးတည်ကာ ဖိုရမ် ၂၅ ခု ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.