နယူးယောက်၊ မေ ၂၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘန်ကူလူးပြည်နယ် အရှေ့တောင်ပိုင်း၏ တောင်ဘက် ၆၄ကီလိုမီတာ၌ ဂရင်းနစ်စံတော်ချိန် ၁၉း၀၈း၃၆နာရီ တွင် ရစ်ချ်တာစကေး ၅.၀ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းဘေး ဝဲ-ယာ၌ ကျူးကျော်ဆောက်လုပ်နေထိုင်သော လူနေဈေးဆိုင်(၅၁)ဆိုင်ရှိသည့်အနက် (၂၉)ဆိုင်မှာ ရှင်းလင်းဖယ်ရှားပြီးဖြစ်ကာ ကျန်(၂၂)ဆိုင်အား အမြန်လမ်းမကြီး၊ လမ်းဦးစီးဌာနမှ ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကျူးဘားနိုင်ငံတွင် လေယာဉ်ပျက်ကျကာ လူပေါင်း ၁၀၀ ကျော်သေဆုံးမှုဖြစ်ပွားသည့်အတွက် ကျူးဘားနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံမှ ခေါင်းဆောင်များထံ ဝမ်းနည်းကြောင်း မေလ ၁၉ ရက်က သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီးတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ကျေးရွာတချို့ တွင် နေအိမ်ပျက်စီး ပြိုကျမှုများ ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဆန်ဖရန်စစ္စကို၊ မေ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လေယာဉ်ကုမ္ပဏီကြီးဖြစ်သော ဘိုးရင်းကုမ္ပဏီက ကျူးဘားနိုင်ငံတွင် ယနေ့နံနက် အစောပိုင်းက လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့သည့် လေယာဉ်ပျက်ကျမှုအတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရန် အသင့်ရှိကြောင်း မေလ ၁၉ ရက်က ကြေညာလိုက်သည်။