Connect with us

Science & Technology

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့တွင်း ၆ မြို့နယ် တွင် Smart Parking လုပ်ငန်း အကောင်အထည်ဖော်ရန် အဆိုပြုလွှာများအား ဧပြီလ ၂၄ ရက် နောက်ဆုံးထား၍ ပေးပို့နိုင်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြေညာချက်အားတွေ့ရစဉ်

ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့တွင်း ၆ မြို့နယ် ရှိယာဉ်ရပ်နားကန့်သတ်ဇုန်များတွင် Smart Parking လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပြည်တွင်း သို့မဟုတ် ပြည်တွင်း၊ပြည်ပ ဖက်စပ်ကုမ္ပဏီများ အနေဖြင့် Expression of Interest (EOI) အဆိုပြုလွှာအပြည့်အစုံအား ဧပြီလ ၂၄ ရက် ၊ ညနေ ၄ နာရီ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၏ ကြေညာချက်ချက်အရ သိရသည်။

Smart Parking ဆောင်ရွက်ရမည့်နေရာများမှာ ရန်ကုန်တိုင်းဒေသကြီးမြို့တွင်း ၆မြို့နယ်ရှိ လမ်းများဖြစ်ကြောင်း သိရသည်။ EOI အဆိုပြုလွှာများကို ဧပြီလ ၂ ရက်နေ့မှ စ၍ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) တွင် ရုံးချိန်အတွင်းဝယ်ယူနိုင်ကြောင်း သိရသည်။

EOI နှင့် ပတ်သက်၍ သိရှိလိုသည့် အချက်များအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)၊ ဖုန်း-095103250 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.