Connect with us

Social

မသန်စွမ်းသူများ လူ့အဖွဲ့အစည်းအတွင်း ဝင်ဆံ့နိုင်ရန် အလွန်အရေးကြီး ဟုဆို

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးစိုးအောင် အဖွင့်အမှာစကား ပြောကြားစဉ်။

နေပြည်တော်၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

ခွဲခြား ဆက်ဆံမှု ကင်းသော အားလုံး ပေါင်းစည်း ပါဝင်နိုင်ရေး၊ သာယာကောင်းမွန်သော လူ့ အဖွဲ့ အစည်း တစ်ရပ် ဖြစ်ပေါ်လာရေး၊ တန်းတူ ညီမျှ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် မသန်စွမ်း သူများ ပြန်လည် ထူထောင်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ လူ့ အဖွဲ ့အစည်းအတွငး ပြန်လည် ဝင်ဆံ့ ပေါင်းစည်း နေထိုင်နိုင်ရေးတို့သည် အလွန်အရေးပါသည်ဟု လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ယနေ့ ပြောကြားသည်။

“မသန်စွမ်းသူတွေဟာပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဥပဒေပိုင်း အထောက် အပံ့ စတဲ့ အခြေခံ လိုအပ်ချက်တွေကို ရနိုင်တဲ့ အခွင့်အလမ်း အလွန်နည်းပါးပါတယ်၊ သူတို့ရဲ့ ရုပ် ပိုင်း၊ စိတ်ပိုင်း၊ လူမှုရေး၊ စီးပွားရေး ဆိုင်ရာ အတားအဆီးတွေကို ဖယ်ရှားပေးဖို့နဲ့ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်တွေမှာ ပေါင်းစည်း ပါဝင်နိုင်ဖို့အတွက် မသန်စွမ်းမှု အဆင့် သတ်မှတ်ခြင်းနဲ့ မသန်စွမ်းသူ များ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ဟာ အလွန်အရေးကြီးပါတယ်” ဟုလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမြလေးစိန် အမှာစကား ပြောကြားစဉ်။

UNICEF(Myanmar) မှ Mr. Samman J. Thapa အမှာစကား ပြောကြားစဉ်။

မသန်စွမ်းအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း အစည်းအဝေး ကျင်းပနေစဉ်။

အမှတ်တရ မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးကြစဉ်။

မသန်စွမ်းသူ တစ်ဦးချင်းစီ၏ မသန်စွမ်းမှု အဆင့်တို့ကို ခွဲခြား သတ်မှတ်ပြီးမသန်စွမ်းသူ မှတ်ပုံတင် ထုတ်ပေးခြင်းအားဖြင့် ၎င်းတို့အတွက် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားခွင့်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိနိုင်ခြင်း၊ ၎င်းတို့၏ ပင်ကို အရည်အချင်းများကို အများက အထင်းအရှား တွေ့မြင်လာစေပြီး ယုံကြည်မှုများ မြင့်မားလာခြင်း၊ သိမ်ငယ်စိတ် ရှက်ကြောက်စိတ်များ လျော့နည်း သွားစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောခဲ့သည်။

နေပြည်တော် M Gallery Hotel တွင် ယနေ့ကျင်းပခဲ့သော မသန်စွမ်းမှု အဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း အစည်းအဝေးသို့ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်း ကော်မတီဝင် ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်မှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုး တိုးတက်မှု မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ မသန်စွမ်းမှု အဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းအတွက် ကနဦး စီမံကိန်း ဆောင် ရွက်မည့် နေရာများနှင့် အစီအစဉ်၊ လုပ်ငန်းစဉ် ချမှတ်ရေးအတွက် နည်းပညာ အဖွဲ့ ဖွဲ့စည်း ခြင်း၊ လုပ်ငန်းစဉ် အဆင့်ဆင့်၊ မသန်စွမ်းမှု အဆင့် သတ်မှတ်ခြင်း ဆိုင်ရာ တာဝန်နှင့် ဝတ္တရား၊ မှတ်ပုံ တင်ခြင်း နည်းလမ်းနှင့် ပုံစံ စသည်တို့ကို ဆွေးနွေးကြမည်ဟု သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.