Connect with us

Politics

မြန်မာ နိုင်ငံ ၌ ဖက်ဆစ်တော်လှန်ရေး တိုက်ပွဲ အတွင်း ကျဆုံး ခဲ့သည့် တရုတ် အဝေးရောက် စစ်သည် များ ၏ အထိမ်းအမှတ် ကျောက်တိုင်သစ် နှင့် ပြတိုက် အသစ် ဖွင့်လှစ်

တရုတ် အဝေးရောက် စစ်သည် များ ၏ အထိမ်းအမှတ် ကျောက်တိုင်သစ် နှင့် ပြတိုက် အသစ် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ဒုတိယ ကမ္ဘာစစ် အတွင်း မြန်မာ နိုင်ငံ ရှိ ဖက်ဆစ် ဂျပန် များအား တိုက်ခိုက်စဉ် အတွင်း ကျဆုံးသွား ခဲ့ကြသည့် တရုတ် အဝေးရောက် စစ်သည် များအား ရည်ရွယ်၍ အသစ် တည်ဆောက်ခဲ့သည့် အထိမ်းအမှတ် ကျောက်တိုင် နှင့် ပြတိုက် အား ဧပြီ ၄ ရက် နေ့လယ်ပိုင်း အချိန် တွင် တောင်ငူ မြို့ ရှိ ဟုတ်ဝမ် ဗုဒ္ဓဘာသာ ဘုရားကျောင်း တွင် ဖွင့်လှစ် ပေးခဲ့သည်။

ဖွင့်ပွဲ အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် အသီးသီး ၊ တရုတ် အဝေးရောက် စစ်သည်များ၏ မိသားစုဝင်များ ၊ မြန်မာ နိုင်ငံ ရှိ တရုတ် လူမျိုး အသင်းအဖွဲ့အသီးသီး မှ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် တရုတ် နိုင်ငံ မှ ပညာတော်သင် ကျောင်းသား/သူ တို့ က တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံအမတ်ကြီး မစ္စတာ ဟုန်လျန် အဖွင့် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ဗိုလ်ချုပ် တိုက်အန်လန် ၏ သား ဖြစ်သူ တိုက်ချိန်တုံး ( Dai Chengdong ) က အဖွင့် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် အဝေးရောက် စစ်သည် များ ၏ အထိမ်းအမှတ် ပြတိုက် အသစ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က ဖွင့်ပွဲအခမ်းအနား တွင် တရုတ် အဝေးရောက် စစ်သည်များ အနေဖြင့် ဖက်ဆစ်ဂျပန် တို့၏ ကျူးကျော်မှု ကို ကာကွယ်ရန် အတွက် အသက်ပေါင်းများစွာ ပေးဆပ် ခဲ့ရကြောင်း ၊ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး လုပ်ငန်း ကို ထောက်ခံရန် အတွက် လွန်ခဲ့သော ၇၇ နှစ် အချိန် က တရုတ် အဝေးရောက် စစ်သည် များအနေဖြင့် မြန်မာ နိုင်ငံ သို့ ရောက်ရှိလာခဲ့ကြကြောင်း ၊ ဗိုလ်ချုပ် တိုက်အန်လန် (Dai Anlan) ဦးဆောင်သည့် တရုတ် အဝေးရောက် စစ်သည်များ က မြန်မာ နိုင်ငံ ၌ ပထမ ဆုံး တိုက်ပွဲတွင် မိမိ တို့ထက် အင်အား ၄ ဆ ပိုမို များပြား သည့် ဖက်ဆစ် ဂျပန် များနှင့် ၁၀ ရက် ကျော်ကြာ တိုက်ပွဲဝင် ခဲ့ပြီး ရန်သူ ၅ ထောင်ကျော် ကို ချေမှုန်း နိုင်ခဲ့ကြောင်း ၊ ၃ နှစ်ကြာ ကာလ အတွင်း မြန်မာ နိုင်ငံ သို့ လာရောက် ခဲ့သည့် တရုတ် အဝေးရောက် စစ်သည် ၄ သိန်း အနက် ၂ သိန်း ခန့် သေဆုံးဒဏ်ရာရရှိခဲ့သော်လည်း နောက်ဆုံးတွင် တောက်ပသည့် အောင်မြင်မှု ကို ရရှိ နိုင်ခဲ့ကြောင်း ၊ တရုတ် အဝေးရောက် စစ်သည် များ အနေဖြင့် ကမ္ဘာ့ဖက်စစ်တော်လှန်ရေး တိုက်ပွဲ အောင်မြင်မှု ရရှိရန် အတွက် ကြီးမားစွာ ပေးဆပ် ခဲ့ကြကြောင်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး အနေဖြင့် ရှေ့ဆက်၍ ခိုင်မြဲစွာ မြန်မာ နိုင်ငံ ဒေသ အသီးသီး တွင် ကျဆုံး ခဲ့ကြသည့် တရုတ် အဝေးရောက် စစ်သည် များ ၏ အထိမ်းအမှတ် အဆောက်အဦး များကို ပြုပြင်ထိန်းသိမ်းပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဗိုလ်ချုပ် တိုက်အန်လန် ၏ သား ဖြစ်သူ တိုက်ချိန်တုံး ( Dai Chengdong ) က ဖွင့်ပွဲ အခမ်းအနား တွင် မိမိ ၏ ဖခင် အနေဖြင့် ကမ္ဘာ့ဖက်ဆစ် တော်လှန်ရေး တိုက်ပွဲ အတွင်း တောင်ငူ မြို့ တွင် ဖက်ဆစ်ဂျပန် များအား အခိုင်အမာ ခုခံ တိုက်ခိုက်ခဲ့ပြီး အောင်မြင်မှု ရရှိခဲ့ကြောင်း ၊ တရုတ် အဝေးရောက် စစ်သည် များ မြန်မာ နိုင်ငံ ၌ ဖက်ဆစ် ဂျပန် များ နှင့် ဖြစ်ပွား ခဲ့သည့် တိုက်ပွဲများ အတွင်း တောင်ငူ တိုက်ပွဲ က အခက်ခဲ အကြမ်းတမ်း ဆုံး တိုက်ပွဲ တစ်ခု ဖြစ်ကြောင်း ၊ မိမိ ဖခင် ၏ ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့ခြင်းကြောင့် အမေရိကန် နိုင်ငံ သမ္မတ ၏ ဂုဏ်ပြု ဆုတံဆိပ် ကိုလည်း ရရှိခဲ့ပြီး ဖက်ဆစ်တော်လှန်ရေး တိုက်ပွဲ အတွက် နိုင်ငံတကာ ၌ များစွာ သက်ရောက်မှု ဖြစ်ပွား စေခဲ့ကြောင်း ၊ မျိုးဆက်သစ် လူငယ်များ အနေဖြင့် တရုတ် အဝေးရောက် စစ်သည် များ အား အတုယူ၍ အောက်မေ့အတုယူရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် အဝေးရောက် စစ်သည် ၏ မိသားစုဝင် များ က ၁၉၅၁ ခုနှစ်တွင် ကျဆုံးခဲ့သည့် စစ်သည် များအား ရည်စူး၍ တောင်ငူ မြို့ တွင် အထိမ်းအမှတ် ကျောက်တိုင် အား တည်ဆောက်ခဲ့ကြောင်း ၊ ၁၉၉၇ ခုနှစ်တွင် ယခု အထိမ်းအမှတ် ကျောက်တိုင်သစ် တည်ရှိရာ နေရာ သို့ ပြောင်းရွှေ့ခဲ့ကြောင်း ၊ အချိန်ကာလ ကြာမြင့်လာသည် နှင့် အမျှ အထိမ်းအမှတ်ကျောက်တိုင် မှာ အိုဟောင်းပျက်ဆီး လာသဖြင့် တရုတ် နိုင်ငံ သံရုံး ၊ အဝေးရောက် စစ်သည် မိသားစုဝင် နှင့် ဒေသတွင်း တရုတ် လူမျိုးများ က အထိမ်းအမှတ် ကျောက်တိုင် အသစ် တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ၊ ယခု အထိမ်းအမှတ် ကျောက်တိုင် အသစ် အား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ တွင် စတင် တည်ဆောက် ခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ တွင် တည်ဆောက်ပြီးစီး ခဲ့ကြောင်း ၊ အထိမ်းအမှတ် ကျောက်တိုင်အသစ် အား နှမ်းဖတ်ကျောက် ဖြင့် ထွင်းထု ထားပြီး အမြင့် အားဖြင့် ၉.၇ မီတာ ရှိကြောင်း သိရှိရသည်။

အသစ် တည်ဆောက် ဖွင့်လှစ်ပေး ခဲ့သည့် အထိမ်းအမှတ် ပြတိုက်တွင် လည်း တရုတ် အဝေးရောက် စစ်သည် များ မြန်မာ နိုင်ငံ သို့ ရောက်ရှိ လာသည့် သမိုင်း ဖြစ်စဉ် ၊ မြန်မာ နိုင်ငံ တွင် ဆောင်ရွက်ခဲ့သည့် စစ်ရေး ကူညီထောက်ပံ့မှုများ ၊ တောင်ငူတိုက်ပွဲ သမိုင်းကြောင်းများ ၊ ကြမ်းတမ်းခက်ခဲသည့် လေ့ကျင့်မှုများ နှင့် တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဓာတ်ပုံများ နှင့် သမိုင်းဝင် ပစ္စည်းများ ဖြင့် ရှင်းလင်း ပြသ ထားကြောင်း တွေ့ရှိခဲ့ရသည်။ (Xinhua)