ပေကျင်း ၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဉာဏပစ္စည်းမူပိုင်ခွင့်(IP) အကာအကွယ်ပေးရေးကို နိုင်ငံအနှံ့တွင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဉာဏမူပိုင်ခွင့်ချိုးဖောက်မှုများအတွက် နစ်နာမှုဒဏ်ကြေးငွေပေးဆောင်ရေး စနစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ၎င်းတို့၏ စက်မှုကုန်ထုတ်ပစ္စည်းများအတွက် တီထွင်ဆန်းသစ်မှု နှင့် ဖန်တီးမှုများအတွက် အဆင့်မြှင့်တင်ခြင်းတို့ကို တွန်းအားပေးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစိုးရအလုပ်အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။...
ပေကျင်း၊ မတ် ၅ ရက်(ဆင်ဟွာ) ပေကျင်းမြို့၌ ယနေ့မတ် ၅ ရက်တွင် ပြုလုပ်သည့် ၁၃ ကြိမ်မြောက် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ဒုတိယပုံမှန်အစည်းအဝေးတွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်က တရုတ်နိုင်ငံအနေဖြင့် ၂ဝ၁၉ ခုနှစ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးကို ၆ ရာခိုင်နှုန်းမှ ၆.၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် လျာထားကြောင်းပြောကြားခဲ့သည်။(Xinhua)
ဝါရှင်တန် ၊ မတ် ၅ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု တောင်ပိုင်းရှိ အယ်ဘားမားပြည်နယ်(Alabama) နှင့် ဂျော်ဂျီယာပြည်နယ်(Georgia) တို့တွင် “ အလွန်ကြီးမားပြီး ဖျက်အားပြင်းသော” လေဆင်နှာမောင်းများ ဝင်ရောက်တိုက်ခတ်မှုကြောင့် ကလေးများအပါအဝင် သေဆုံးသူ စုစုပေါင်း ၂၃ ဦးထိရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါ အင်အားပြင်းမုန်တိုင်းများမှာ ၆ နှစ်တာ ကာလ...
အာမန်၊ မတ် ၅ ရက် (ဆင်ဟွာ) ဆီးရီးယားလေပိုင်နက်ထဲတွင် ဂျော်ဒန်လေကြောင်းလိုင်း မှလေယာဉ်များအား ပြန်လည်ဖြတ်သန်းခွင့် ပြုရန် ဂျော်ဒန်နိုင်ငံမှ မတ်လ ၄ ရက်နေ့ တွင် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံပိုင် Petra သတင်းအေဂျင်စီတွင် ဖော်ပြခဲ့သည်။