Connect with us

Africa & Middle East

ဂျော်ဒန်နိုင်ငံက ဂျော်ဒန် လေကြောင်းလိုင်း အား ဆီးရီးယားလေပိုင်နက် ကို ပြန်လည်အသုံးပြုခွင့်ပြု

Royal Jordanian လေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

အာမန်၊ မတ် ၅ ရက် (ဆင်ဟွာ)

ဆီးရီးယားလေပိုင်နက်ထဲတွင် ဂျော်ဒန်လေကြောင်းလိုင်း မှလေယာဉ်များအား ပြန်လည်ဖြတ်သန်းခွင့် ပြုရန် ဂျော်ဒန်နိုင်ငံမှ မတ်လ ၄ ရက်နေ့ တွင် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံပိုင် Petra သတင်းအေဂျင်စီတွင် ဖော်ပြခဲ့သည်။

ဂျော်ဒန်နိုင်ငံ လေကြောင်းပျံသန်းမှု စည်းကမ်းထိန်းသိမ်းရေးကော်မရှင် အနေဖြင့် အခြေအနေကို လေ့လာပြီးနောက် ဆီးရီးယားလေပိုင်နက် ကို လေကြောင်းလိုင်းအားပြန်လည်ပျံသန်းခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ဂျော်ဒန်လေကြောင်းလိုင်းရှိ လေယာဉ်များ ကိုဆီးရီးယားလေပိုင်နက်ထဲတွင် ဖြတ်သန်းခြင်းအား ၂၀၁၂ ခုနှစ် တွင် ဆိုင်းငံ့ခဲ့သည်။ လေကြောင်းလိုင်းအနေဖြင့် ၎င်း ၏လေယာဉ်များ ဆီးရီးယားလေပိုင်နက် ကိုဖြတ်သန်းပျံသန်းရာတွင် အန္တရာယ်များသုံးသပ်မှု၊ ပျံသန်းရန်လမ်းကြောင်း နှင့် အမြင့် တို့အား လေ့လာချက်တစ်ရပ်ပံ့ပိုးပေးရန် လိုလားခဲ့ကြောင်း ကော်မရှင်ကပြောခဲ့သည်။

ဆီးရီးယားနိုင်ငံလေဆိပ်များ အထူးသဖြင့် ဒမတ်စကပ်လေဆိပ် ၏ အခြေအနေကို လေ့လာဆန်းစစ်ဆဲဖြစ်ကြောင်း ကော်မရှင်က ဖြည့်စွက်ပြောကြားသည်။

Royal Jordanianလေကြောင်းလိုင်းမှတာဝန်ရှိသူက ၎င်းတို့ အနေဖြင့် ကော်မရှင်၏ ဆုံးဖြတ်ချက် ကို သိရှိကြောင်း သို့သော်၎င်းလေကြောင်းလိုင်းအနေဖြင့် ထိုကိစ္စ နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်မချရသေးကြောင်းဆိုသည်။

ကော်မရှင်၏ ထုတ်ပြန်ချက်သည် မှတ်သားဖွယ်ရာဖြစ်ကြောင်း၊ လက်ရှိတွင် Jordanianလေကြောင်းလိုင်းသည် အီဂျစ် လေပိုင်နက် ကို အသုံးပြု၍ ဘေရွတ် သို့ ပျံသန်းကာ တူရကီသို့ ပျံသန်းရန် အစ္စရေးလေပိုင်နက်ကို အသုံးပြု ကြောင်း သိရသည်။ (Xinhua)