ဝါရှင်တန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) အသက် ၉၂ နှစ်ရှိပြီဖြစ်သော အမေရိကန်နိုင်ငံ၏ သမ္မတဟောင်းကတော် ဘာဘရာဘွတ်ရှ် (Barbara Bush) သည် ၎င်းအား ဆေးကုသမှုအား လက်လျှော့ရန် ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ဧပြီလ ၁၇ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၃ လုံး ပြိုကျ ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
တီဟီရန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ပါရှန်ပင်လယ်ကွေ့တွင် ဧပြီ ၁၇ ရက် ညနေပိုင်းက အီရန် ရဟတ်ယာဉ် ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၂ဦးသေဆုံးကြောင်း နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။
စင်ကာပူ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံ ပင်လယ်ရေကြောင်း နှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (MPA) က ဧပြီ ၁၇ ရက်အစောပိုင်းတွင် လောင်စာဆီတင်သင်္ဘော တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း ကြေညာခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ်တွင် မင်္ဂလာဆောင်ပွဲတစ်ခုမှ လူများကို သယ်ဆောင်လာသော မီနီထရပ်ကားတစ်စီးသည် တံတားတစ်စင်းပေါ်မှ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၂၁ဦးသေဆုံးပြီး အခြားလူ ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၁၈ ရက်တွင်ပြောကြားခဲ့သည်။