ရန်ကုန် ၊ မေ ၂၇ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ရန်ကုန် ဒေသ “တရုတ် စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲ ကို မေလ ၂၇ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန် မြို့ မင်းရဲကျော်စွာလမ်းရှိ တရုတ်ယဉ်ကျေးမှု စင်တာတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဝါရှင်တန်၊ မေ ၂၇ ရက် (ဆင်ဟွာ) သက်တမ်းအားဖြင့် ၁၂၅ နှစ်ရှိပြီဖြစ်သော ဂျင်းဘောင်းဘီနှစ်ထည်ကို အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ နီးပါးဖြင့် ရောင်းချခဲ့ပြီး Vintage Denim အတွက် စံချိန်တင်ခဲ့ကြောင်း အမေရိကန် မီဒီယာက မေလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ မေ ၂၇ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆက်လက်နေထိုင်လိုခြင်း မရှိသော နေရပ်စွန့်ခွာသူများသည် ၎င်းတို့၏ သဘော ဆန္ဒဖြင့် ယခု ကာလ အတွင်း ၎င်းတို့အစီအစဉ်ဖြင့် ပြန်လည် ဝင်ရောက်လာခဲ့ကြကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ယနေ့ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့သည်။