ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းတွင် ကုလသမဂ္ဂစည်းမျဉ်းနှင့် မညီသော လုပ်ရပ်များ ဖယ်ရှားပေးရန် မြန်မာနိုင်ငံဘက်က တောင်းဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန် ၊ မေလ ၂၅ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မေလ ၂၄ ရက်နေ့ ၌ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် တရားဝင် ရန်လိုသည့် အပြုအမူများ ကို ဆောင်ရွက်လာသောကြောင့် စင်ကာပူ နိုင်ငံ တွင်...
ပန်ဂျီရီ၊ မြောက်ကိုရီးယား၊ မေ ၂၄ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ အစိုးရက နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပန်ဂျီရီ (Punggye-ri) နျူကလီးယားစမ်းသပ်နေရာစခန်းအား မေလ ၂၄ ရက်တွင် လုံးဝဖျက်သိမ်းလိုက်ကြောင်း ယင်းနေရာသို့ ရောက်ရှိနေသော ဆင်ဟွာသတင်းထောက်များက သတင်းပေးပို့သည်။ (ဆင်ဟွာ)
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်မြစ်အတွင်း ရေယာဉ်၊တွဲယာဉ်ဟောင်းများ ကမ်းထိုးရပ်နားထားခြင်းကို ဖယ်ရှားရှင်း လင်းဆောင်ရွက်ရန်အတွက် အဆိုပါယာဉ်များကို လေလံအောင်မြင်သူများအား ရေယာဉ်၊တွဲယာဉ်ဟောင်းများ ဆောလျင်စွာ ဖျက်သိမ်းသယ်ဆောင်နိုင်ရေး အကြောင်းကြားဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
နယူးယောက်၊ မေ ၂၄ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု နယူးယောက်တွင် ၂ဝ၁၈ခုနှစ် နယူးယောက်ရေကြောင်းပြပွဲတစ်ရပ် ကျင်းပခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝ ကတည်းကကျင်းပခဲ့သည့် ထိုပြပွဲတွင် သင်္ဘောအမျိုးအစားစုံကိုပြသခဲ့ပြီး ၎င်းမှာ နယူးယောက်မြို့၏ ရေကြောင်းပြပွဲများထဲတွင် နှစ်ပေါင်းအရှည်ကြာဆုံးပြပွဲတစ်ခုလည်းဖြစ်သည်။(Xinhua)