ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်၊ ဝမ်မိုင်ရွာရှိ နေအိမ်တစ်အိမ်အား သတင်းအရစစ်ဆေးရာ ကျပ်သိန်းပေါင်း (၆၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့် အတူ တရားခံ(၄)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ သတင်းထုတ်ပြန်သည်။
ဆစ်ဒနီ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) လွန်ခဲ့သည့် ခြောက်လအကြာက ဝယ်ယူထားခဲ့သည့် အိုင်ဖုန်း (iPhone) ပေါက်ကွဲမှုကြောင့် သြစတြေးလျ အမျိုးသား တစ်ဦး၏ ညာဘက် ပေါင် အပေါ်ဘက် နေရာများစွာ၌ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘိုလီဗီးယား၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) ဘိုလီဗီးယား ရဲတပ်ဖွဲ့သည် အမေရိကန်နိုင်ငံသို့ ခိုးသွင်းရန် ရည်ရွယ်ထားသော ကိုကင်း ၇.၅တန်ကျော်အား ဘိုလီဗီးယားနိုင်ငံသား သုံးဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဘိုလီဗီးယားသတင်းဋ္ဌာနက ဇူလိုင် ၁ ရက်တွင် ဖော်ပြခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ လာအိုပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာဘွန်ညံ ဗိုရာချစ် နှင့် ဇနီး မစ္စစ် ခမ်မွမ်းဂ် ဗိုရာချစ် တို့သည် ယခုလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး အဖြစ် လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ သြဂုတ် ၂ ရက်(ဆင်ဟွာ) မိုဘိုင်းလ်ဖုန်း သုံးစွဲသူများ အနေဖြင့် စနစ်တကျ မှတ်ပုံတင်ထားခြင်း မရှိသည့် SIM Card များအား၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်မှ စတင်၍ ဝန်ဆောင်မှု ပေးခြင်း ယာယီ ရပ်စဲသွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့်...