Connect with us

Politics, Law & Military

တရားဝင်အထောက်အထား တင်ပြနိုင်ခြင်းမရှိဘဲ သယ်ဆောင်လာသော ကျပ် ၁၆သန်းကျော် တန်ဖိုးရှိ လျှပ်စစ်နှင့် လူသုံးကုန် ပစ္စည်းများ ဖမ်းဆီး

တရားမ၀င်သယ်ဆောင်လာသော ပစ္စည်းများအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ရေပူနှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းတွင် ဒီဇင်ဘာ ၂၈ ရက်နေ့က တရားမဝင်အထောက်အထား တင်ပြနိုင်ခြင်းမရှိဘဲ သယ်ဆောင်လာသော ကျပ် ၁၆သန်းကျော် တန်ဖိုးရှိ လျှပ်စစ်ပစ္စည်းနှင့် လူသုံးကုန် ပစ္စည်း များအား ဖမ်းဆီးအရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

မန္တလေးမြို့သို့ သွား ရောက် မည့် Nissan (22)ယာဉ်တစ်စီး၊ Nissan (12)ယာဉ်နှစ်စီးနှင့် Canterခြောက် ဘီးယာဉ်တစ်စီးအား ရေပူအမြဲ တမ်းစစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေး ရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ တရားဝင်စာရွက် စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော အဝတ်အထည်၊ လျှပ်စစ်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း စုစုပေါင်း ၁၅ မျိုး စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆ ဒသမ ဝဝ၆ သန်းခန့် အား စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေး အဖွဲ့က ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း Toyota Wish ယာဉ် တစ်စီးကို စစ်ဆေးခဲ့ရာ တရားဝင် စာရွက် စာတမ်း အထောက်အထား တစ်စုံ တစ်ရာ တင်ပြနိုင်ခြင်း မရှိသော Wave X 10 Handset (1_50U) (5) Pkgs, Wave T3 Tablet (1_20U) (7) Pkgs စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ခြောက်သန်းခန့်အား စစ်ဆေး တွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေပူနှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းများက တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများ အား စစ်ဆေးမှု ပြုလုပ်ဆောင်ရွက် လျက်ရှိရာ ဒီဇင်ဘာ ၂၈ ရက်၌ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းမှ တားဆီးမှု လေးမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆ ဒသမ ဝဝ၆ သန်းခန့်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းမှ တားဆီးမှု ငါးမှု ခန့်မှန်း တန်ဖိုးငွေကျပ် ၂ ဒသမ ၅၈၄ သန်းခန့် စုစုပေါင်းတားဆီးမှု ကိုးမှု ခန့်မှန်း တန်ဖိုး ငွေကျပ် သန်း ၁၈ ဒသမ ၅၉ဝ ခန့်အား ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.