Connect with us

Latin America

ကိုလံဘီယာရှိ နိုက်ကလပ်တစ်ခုတွင်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၃၁ဦးဒဏ်ရာရရှိ

ကိုလံဘီယာနိုင်ငံတွင် လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဘိုရာဘိုရာ နိုက်ကလပ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘိုဂိုတာ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ မြောက်ပိုင်း ရှိ နိုက်ကလပ်တစ်ခုတွင် လူအုပ်ထဲသို့ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းဖောက်ခွဲခဲ့သဖြင့် အနည်းဆုံးလူ ၃၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဒီဇင်ဘာ ၂၉ ရက်တွင်ပြောကြားခဲ့သည်။

Antioquia ဒေသ Caucasia စည်ပင်သာယာရေးနယ်မြေ ရှိ ဘိုရာဘိုရာ နိုက်ကလပ်တစ်ခုအတွင်း လူပေါင်းများစွာ ရှိနေချိန် ဒီဇင်ဘာ ၂၉ရက် နံနက်အစောပိုင်း တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း Caucasiaမြို့တော်ဝန် Oscar Anibal Suarez က မီဒီယာသို့ ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

မြို့တော်ဝန်က ဒေသခံရဲတပ်ဖွဲ့သည် လက်ပစ်ဗုံးပစ်သွင်းသူအဖြစ် သံသယရှိသူ အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းအတည်ပြုပြောကြားခဲ့သည်။ဒဏ်ရာရရှိသူများကို ဒေသတွင်းဆေးရုံများသို့ ပို့ဆောင်ပေးထားကြောင်း ဒေသခံကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117