Connect with us

Politics, Law & Military

အခြေခံ လုပ်ခ လစာ တစ်ရက် ၄၈၀၀ ကျပ် သတ်မှတ်ပြီ


နေပြည်တော်၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ပုဂ္ဂလိက လုပ်ငန်းများရှိ အလုပ်သမားများအတွက် အခြေံခံ အခကြေးငွေအဖြစ် တစ်ရက် (အလုပ်ချိန် ရှစ်နာရီ)လျှင် ကျပ် ၄၈၀၀ သတ်မှတ်ရန် နေပြည်တော် အလုပ်သမား ဝန်ကြီးဌာနတွင် ယနေ့ နံနက် ပြုလုပ်သော “အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး ဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ် ညှိနှိုင်း အစည်းအဝေး” တွင်ယနေ့ညနေပိုင်းကသဘောတူခဲ့ကြသည်။အဆိုပါ အခြေခံ လုပ်ခနှုန်းထားမှာ အလုပ်သမား ၁၀ ဦးနှင့် အထက် ရှိသည့် ပုဂ္ဂလိက လုပ်ငန်းများအတွက် အကျုံးဝင်မည်ဖြစ်ပြီး ယခု ကြေညာသည့် နေ့မှနှစ်လအတွင်း ကန့်ကွက်မှုများ မရှိပါက သတ်မှတ်သည့်အတိုင်း စတင်ကျင့်သုံးမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

” ဒီအစည်းအဝေးကနေ အနိမ့်ဆုံး လုပ်ခလစာကို ၄၈၀၀ သတ်မှတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်၊ အနည်းဆုံး အလုပ်သမား အရေအတွက်ကတော့ ဆယ်ဦးနှင့် အထက် သတ်မှတ်လိုက်ပါတယ။်တိုင်းဒေသကြီးနဲ့ပြည်နယ် မခွဲခြားဘဲတစ်ပြည်လုံး တစ်နိုင်ငံလုံး တပြေးညီသတ်မှတ်တာ ဖြစ်ပါတယ်၊ အရင်က ၃၆၀၀ ဆိုတဲ့အခါကျတော့ ခု ၄၈၀၀ ဆိုတော့ ၁၂၀၀ လောက်တိုးသွားတဲ့အနေအထား ဖြစ်ပါတယ် ဒီလိုသတ်မှတ်ခြင်းအားဖြင့် အလုပ်သမားတွေလည်း လက်ခံနိုင်မယ့်အနေအထား ဖြစ်မယ်လို့ယုံကြည်ပါတယ်၊ နောက်ပြီးစဉ်းစားတဲ့နေရာမှာလည်း အိမ်နီးချင်းနိုင်ငံတွေရဲ့ လုပ်ခလစာနှုန်းတွေ ငွေကြေးဖောင်းပွမူ GDPနှုန်းတွေ စတဲ့အချက်အလက်တွေကို ပြည့်ပြည့်စုံစုံစဉ်းစားပြီးမှ ပညာရှင် အလုပ်ရှင် အလုပ်သမားသဘောထားတွေအကုန်ခံယူပြီးမှ တိုင်းဒေသကြီးနဲ့ပြည်နယ် အောက်ခြေ ထိသွားပြီးကွင်းဆင်းပြီးမှလေ့လာတွေ့ရှိချက်တွေကို မူတည်ပြီးဆုံးဖြတ်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။ယခု ကြေညာချက်ကို လုပ်သားပြည်သူအားလုံး သိအောင် ကြေညာသွားမှာဖြစ်ပြီး အလုပ်ရှင်က သော်လည်းကောင်း အလုပ်သမားကသော်လည်းကောင်း မကျေနပ်လျှင် ပြန်ပြီးတင်ပြနိုင်ကြောင်း၊ ကော်မတီက ပြန်လည်စဉ်းစားပြီး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ကျေနပ် သဘောတူကြပြီး ဆောင်ရွက်စရာမရှိပါက အစိုးရအဖွဲ့သို့ တင်ပြပြီး ဆုံးဖြတ်မှာ ဖြစ်ကြောင်း၊ရက် ၆၀ ပြည့်သည်အထိ စောင့်ပြီးမှ အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး မီဒီယာအား ဖြေကြားနေစဉ် (ဆင်ဟွာ)

ယနေ့အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ ကော်မတီ ကိုယ်စားလှယ်များ ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ၊ အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ၊ ပြည်နယ်ဥပဒေချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း အလုပ်သမား အဖွဲ့အစည်းကိုယ်စားလှယ် ၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်း ပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ ကုန်ထုတ်လုပ်ငန်း အလုပ်သမား အဖွဲ့အစည်းကိုယ်စားလှယ် ၊ မြန်မာနိုင်ငံတောင်သူလယ်သမား ပေါင်းစုံ ၊စိုက်ပျိုးရေး အလုပ်သမား နှင့် စားသောက်ကုန်ထုတ်လုပ်ငန်း အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ စိုက်ပျိုးရေး လုပ်ငန်းအလုပ်သမား အဖွဲ့အစည်းကိုယ်စားလှယ် ၊ Center ကိုယ်စားလှယ်၊ for Economy, Environment and Society Myanmar မှ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ၊ Myanmar Development Resource Institute မှ ကိုယ်စားလှယ် ၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ကုန်ထုတ်လုပ်ငန်း အလုပ်ရှင် အဖွဲ့အစည်းကိုယ်စားလှယ် ၊ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ ဝန်ဆောင်မှုလုပ်ငန်း အလုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ် ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် မွေးမြူရေးလုပ်ငန်း အလုပ်ရှင် အဖွဲ့အစည်းကိုယ်စားလှယ် ၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း အလုပ်ရှင် အဖွဲ့အစည်းကိုယ်စားလှယ် ၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ စိုက်ပျိုးရေး လုပ်ငန်း အလုပ်ရှင် အဖွဲ့အစည်းကိုယ်စားလှယ် ၊ စားသုံးသူရေးရာ ဦးစီးဌာန ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္မဏီများ ညွှန်ကြားမှုဦးစီးဌာန ၊ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန တို့မှ ကိုယ်စားလှယ်များ အသီးသီး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.