Connect with us

Politics, Law & Military

လွတ်လပ်ရေးနေ့၌ ကျပ် ၁၀၀တန် အထူးထုတ် တံဆိပ်ခေါင်း သုံးမျိုးရောင်းချမည်

ကျပ် ၁၀၀တန် အထူးထုတ် တံဆိပ်ခေါင်းရောင်းချမည့် သတင်းထုတ်ပြန်ချက်အား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ် ၁၀၀တန် အထူးထုတ် တံဆိပ်ခေါင်း သုံးမျိုးရောင်းချပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အထူးထုတ် တံဆိပ်ခေါင်းများကို ၂၀၁၈ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ နံနက်(၉)နာရီက စတင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် မြို့တော်စာတိုက်များတွင် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

အထူးအစီစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး နှင့် မန္တလေးစာတိုက်ကြီးတို့၌ ၂၀၁၈ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်သားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.