ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ယခုနှစ်အောက်တိုဘာလတွင် ဒေသဆိုင်ရာလိုင်စင်ရဧည့်လမ်းညွှန်များကို National Guide အဖြစ် လုပ်ငန်းလိုင်စင်ပြောင်းလဲပေးရန် စီစဉ်နေကြောင်း ရန်ကုန်မြို့ခရီးသွားဆိုင်ရာ သင်တန်းကျောင်းမှ တာဝန်ရှိသူ ဦးအောင်သူကပြောသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့် ၂နှစ်ခွဲကာလအတွင်း လူ ၃၆၅ဦး သေဆုံးပြီး ၂၄၇၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ကြာအင်းကျေးရွာအနီး မခွေးရေပေါက်တံတားအောက်သို့ စက်တင်ဘာ ၂၄ ရက် နံနက် ၁ဝ နာရီခန့်က မီးရထားစက်ခေါင်း လမ်းချော်ပြုတ်ကျ သွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

မန္တလေး၊ စက်တင်ဘာလ ၂၄ ရက် (ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ ကွန်ဖြူးရှပ်ကျောင်းနေ့ကို ဂုဏ်ပြုသောအားဖြင့် “ဆွေမျိုးပေါက်ဖော် ယဉ်ကျေးမှု ပဒေသာကပွဲ” ကို ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရှိ ရွှေပြည်သာ ဟိုတယ် ခန်းမ၌ ကျင်းပခဲ့သည်။