Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုကျူးလွန် သူများအားဖမ်းဆီးရမိရေး အတွက် စွန်ရဲစီမံချက်အဆင့် ၄ အားဆောင်ရွက်လျက်ရှိ

ဖမ်းဆီးရမိသည့် သူတချို့အားတွေ့ရစဉ် (ဓာတ်ပုံ-- Yangon Police)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုကျူးလွန်

သူများကို ဖမ်းဆီးရမိရေး အတွက် စွန်ရဲစီမံချက်အဆင့် ၄ ကို စက်တင်ဘာ ၁ရက်နေ့မှ စတင်၍ စီမံချက်ကာလအဖြစ်သတ်မှတ်ကာ တိုင်းဒေသကြီးအတွင်းရှိ နယ်မြေများအတွင်း

အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။

ယင်းသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် နယ်မြေအတွင်း သတင်းစုံစမ်းဆောင်ရွက်

လျက်ရှိ စဉ် ခါးပိုက်နှိုက်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် အဖွဲ့ငယ်များခွဲ၍ စုံစမ်းဆောင်ရွက်လျက်ရှိရာ YBS ယာဉ်လိုင်းအမှတ် ၄၂ ယာဉ်ပေါ်တွင် အသွင်ယူလိုက်ပါစီးနင်းပြီး မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ မီးပွိုင့်အနီး၌ ၎င်းယာဉ်ပေါ်ပါ အသက် (၃၀)နှစ်ခန့်ရှိ အမျိုးသား

တစ်ဦးလွယ်ထားသည့် အိတ်အတွင်း မှပစ္စည်းများ နှိုက်ယူနေသူ အမျိုးသား

သုံးဦးအား လက်ရဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးရာ ရွှေပြည်သာမြို့နယ်နေ ပြည့်ဖြိုးအောင်၊ (၂၃)နှစ်၊မြောက်ဥက္ကလာပမြို့နယ်နေသူများ ဖြစ်သည့် နိုင်လင်းဝေ၊ (၂၂)နှစ်၊ ထွန်းထွန်း(ခ) ထွန်းထွန်းအောင်၊ (၃၈)နှစ်တို့ဖြစ်ကြောင်း သိရှိရပြီး

၎င်းတို့ထံမှ တွေ့ရှိသည့် ခေါက်ပိုက်ဆံအိတ်အတွင်းမှ ဇေယျာဖြိုးအမည်ပါ ယာဉ်မောင်းလိုင်စင်တစ်ခု၊ ငွေကျပ် ၄၈၉၀၀ တို့နှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားပြသနိုင်ရန်စစ်ဆေးရာ YBS ယာဉ်လိုင်းအမှတ်

၄၂ ယာဉ်ပေါ်ပါ အသက်(၃၀)နှစ်ခန့်ရှိ ခရီးသည်အမျိုးသားတစ်ဦးလွယ်ထားသည့် ခေါက်ပိုက်ဆံအိတ်အား နှိုက်ယူစဉ် ပြည့်ဖြိုးအောင်နှင့်နိုင်လင်းအောင်တို့မှ လူကာပေးပြီး ထွန်းထွန်း(ခ)ထွန်းထွန်းအောင်မှ

နှိုက်ယူ ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ဖမ်းဆီးရမိသူ ထွန်းထွန်း(ခ)ထွန်းထွန်းအောင်အား ၎င်း၏အင်္ကျီအိတ်ကပ်အတွင်းတွေ့ရှိသည့် Telenor တံဆိပ်ပါ လက်ကိုင်ဖုန်းနှင့် ပတ်သက်၍ စစ်ဆေးရာ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင်

မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲမှတ်တိုင်အနီး၌ YBS ယာဉ်လိုင်းအမှတ် ၄၂ ယာဉ်ပေါ်ပါ အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးထံမှ နှိုက်ယူရရှိခဲ့သော လက်ကိုင်ဖုန်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်များအရ ပြည့်ဖြိုးအောင်၊ နိုင်လင်းဝေ၊ ထွန်းထွန်း(ခ) ထွန်းထွန်းအောင် တို့သုံးဦးအား သက်ဆိုင်ရာရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်ကာ သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်း

နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.