နေပြည်တော်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) မိတ္ထီလာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အိမ်ခြေ ၃၀၀ ခန့် မိုးရေလျှံတက် ဝင်ရောက်မှုဖြစ်ပေါ်လျက် ရှိပြီး ယင်းရေလျှံတက်ဝင်ရောက်သည့်အိမ်ခြေ ၃၀၀ ခန့်အနက် အိမ်ခြေ ၁၄အိမ် ခန့်သာလုံးဝနေထိုင်၍ မရသည့်အနေအထား တွင်သာရှိသေးသဖြင့် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားခြင်းမျိုးမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ကျင်းပလျက်ရှိသည့် (၅)ကြိမ်မြောက် အာရှသဲသောင်ပြင် အားကစားပြိုင်ပွဲ ဗိုဗီနမ်ပြိုင်ပွဲ ဒုတိယနေ့တွင် မြန်မာအသင်းမှ မောင်ခိုင်ဇင်ဝင်းနှင့် မစုလဲ့ဖြိုးတို့ ယှဉ်ပြိုင်သည့် Mixed events Weapon Self-Defense အမျိုးသား/ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲ၌ တတိယ...
ဘန်ဒါစရီဘာဂါဝန် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) ဘရူနိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား အလုပ်သမား ၁ သိန်းကျော် ရှိကြောင်း ၊ အများစုမှာ ပုဂ္ဂလိကလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြကြောင်း ဘရူနိုင်းနိုင်ငံ အလုပ်သမားဦးစီးဌာန (ခေတ္တ)ကော်မရှင်နာမင်းကြီး Shariful-Bahri က အောက်တိုဘာလ ၂ ရက်တွင်ပြောကြားလိုက်သည်။
မနီလာ ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံအခြေစိုက် အဘူဆေးယက်ဖ်အကြမ်းဖက်အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသော အင်ဒိုနီးရှား တန်ဆာခံ သုံးဦးကို ဖိလစ်ပိုင်တောင်ပိုင်း Sulu ပြည်နယ်၌ ပြန်လွှတ်ပေးခဲ့ကြောင်း ဖိလစ်ပိုင်အဆင့်မြင့်အရာရှိတစ်ဦးက အောက်တိုဘာ ၂ ရက်တွင်ပြောကြားလိုက်သည်။